()
ငါသည် ငါ၏ ငါ့ရဲ့အိမ်မက်တွေကို မနိုးသောအိပ်ခြင်းတွေနဲ့
ဆက်၍ မက်နေချင်ပါသေးတယ်။
ရုတ်တရပ် ငါသည် လန့်လို့ နိုးထလာမိတဲ့အချိန်တွေမှာတော့
ငိုကြွေးခြင်းများ မပြုချင်တော့ပါဘူး။
ကျန်ရစ်နေသော ငါ့ရဲ့နာကျင်စရာတွေကို ဆုပ်ကိုင်ထားရင်း
ကျိန်စာတွေလို့တောင် ငါမှတ်ထင်လိုက်မိပါတယ်။
မသဲမကွဲနဲ့ ငါ့ရဲ့နားတစ်စုံက စကားသံလေးတချို့ကို
ပြန်လည်ကြားယောင်နေမိသလိုပါပဲ။
ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုပြီတော့လည်း
ငါ့ကို မမေးလိုက်ပါနဲ့နော် ငါမဖြေချင်လို့ပါ။
ငါ့ရင်ခွင်မှာ လွမ်းစရာတွေ အပိုင်းအစအချို့တွေကတော့
ထင်ကျန်ုပြီး ရှိနေသေးတုန်းပါပဲ။
ဒါပေမယ့်မျှော်လင့်စရာတွေကတော့ လုံးဝမရှိတော့ပါဘူး။
ဒီရင်ခွင်မှာ ချစ်မေတ္တာတွေဟာ ရင်ခွင်နဲ့မဆန့်လောက်အောင်
ရှိနေသေးပါတယ်။
ဒါပေမယ့် ယုံကြည်ခြင်းတွေကတော့ ပျောက်ဆုံးလို့နေခဲ့ပါပြီ။
အမှတ်တရနဲ့ သတိရစရာတွေ မြောက်များစွာ
မှတ်ဥာဏ်ထဲမှာ အမှတ်တရတွေဟာ ထင်ကျန်ရစ်နေပေမယ့်လည်း
မြင်ချင်တွေ့ချင်သောစိတ်တွေကတော့ သေချာပါတယ် မရှိနိုင်တော့ဘူးဆိုတာကိုပါ။
author:
photo:cedit google images