နည်းလမ်းမျိုးစုံဖြင့်လွယ်ကူစေချင်လျှင် သေချာလုပ်ဆောင်သင့်ပါသည်။အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းက အောင်မြင်ခြင်းလား
အောင်မြင်ရေးအကြောင်းလေးကိုဘဲ ဆက်လို့ ရေးပါတော့မည်။ ဘ၀မှာ အောင်မြင်ခြင်းဆိုတာ
လူတိုင်းရယူခြင်သော ဆုဖြစ်ပါလေသည်။ အောင်မြင်သူဟုလည်း မိမိကိုယ်ကို လေးစား ဂုဏ်ယူချင်
ကြပါလေသည်။ အောင်မြင်မှုသည်လည်း မိမိအတွက် ဖြစ်တည်ရမည်ဟု ယုံကြည်ကြပါလေသည်။
တကယ်တော့ အောင်မြင်မှုဆိုတာ ပျော်ရွှင်မှု ဖြစ်သည်ဟု ပညာရှင်များ ဆိုမိန့်ကြပါသည်။ လူတွေ
ပျော်ရွှင်မှုရရန်အတွက် နည်းလမ်းမျိုးစုံဖြင့်ကြိုး စား ကြပါလေသည်။ ပျော်ရွှင်မှုသည် ငွေကြေး
ကြောင့်ဖြစ်ပေါ်လာသည်ဟု အခြေခံအားဖြင့် လက်ခံကြသည်။ ဒါကြောင့် ပိုက်ဆံက အဓိကကျတယ်လို့
အလွယ်တကူ သက်မှတ်ကြပါသည်။ ထိုပိုက်ဆံ သည် ပျော်ရွှင်မှုကို စိတ်ချမ်းသာမှုကို အမှန်တကယ်ကော
ပေးစွမ်းနိုင်ပါရဲ့လား။
လူတွေကို ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို ထပ်တူပြုလို ကြပါလေသည်။ သူတို့ရဲ့ဘ၀ကို ထိုသက်မှတ်ချက်
အတွင်းမှာပင် ခြံခက်ထားတက်ကြပါသည်။ သူတို့သည် အဲ့ဒီခြံထဲတွင် နေထိုင်ကြပါတော့သည်။ သို့
သော်လည်း ပျော်ရွှင်ခြင်း အစစ်အမှန်ကိုတော့ ဘယ်သောအခါမျှ မရရှိနိုင်တာကိုတော့ မေ့တက်ကြ
ပြန်လေသည်။ သူတို့ရဲ့ ဘ၀တွေကို လောဘတွေ ဒေါသတွေ မောဟတွေနဲ့ အရောင်တင်လိုက်ကြ
ပြန်တော့သည်။ သူတို့ရဲ့ ထပ်တူပြုမှုက လေဘရယ်ဒေါသရယ် ပိုက်ဆံရယ်ကို ပေါင်းစပ်ပြီး ပျော်ရွှင်
မှုကို ဖန်တီးလိုက်ကြခြင်းသာ ဖြစ်လေသည်။
သည်လိုနဲ့ အချိန်တွေကြာလာသောအခါ သူတို့ရဲ့ထပ်တူပြုခြင်း အခြားတစ်ဖက်တွင် ပျော်ရွှင်မှုတို့သည်
သူတို့ဆီမှာ မရှိတော့ဘူး ဆိုတာဖြစ်လာတော့သည်။ သူတို့လက်ထဲ ဘ၀ထဲတွင် အမှန်တကယ်ကျန်သော
အရာသည်ကား လောဘတွေ ဒေါသတွေ ငွေတွေသာ ဖြစ်ကြပါလေသည်။ သူတို့ရဲ့ ဘ၀တွေက ဘယ်
အရာနဲ့ တူလာသနည်း။ အနီးဆုံးဥပမာပေးရမယ်ဆိုရင်တော့ ကျောက်တုံးကြီးကြီး တစ်လုံးကို အရမ်း
မြင့်မားသော တောင်စောင်းတစ်လျှောက် လိမ့်ဆင်းသွားသော အခြေအနေနှင့် တူညီလို့နေတော့သည်။
သဘောကတော့ သူတို့ ကြိုးစားမြှင့်တင်ထားသော ဘ၀အခြေအနေသည် မြင့်လျှင် မြင့်သလို ကျောက်
တုံး လိမ့်ဆင်းခြင်းအရှိန်သည် ပြင်းမည်ဖြစ်လေသည်။ ကျနိုင်ခြေလည်း ပိုများမည်ဖြစ်လေသည်။
ထိုကျောက်တုံး ကျမသွားစေရန် အတွက်ကို သူတို့သည် အချိန်တိုင်း ကြိုးစားရပြန်သည် သတိထားရ
ပြန်သည်။ အလွန်ကို စိတ်ပင်ပန်းရသော ဘ၀အခြေအနေတစ်ခု ဖြစ်တည်မိပါလေတော့သည်။
photo-google image