စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဆိုသည်များမှာငွေကြေးနဲ့ အလုပ်အကိုင်ပေါ်မှာဘဲ
လုံးဝတည်မှီနေတာတော့ မဟုတ်ပါဘူး တကယ်တော့ လူတွေထင်နေသလို
ငွေကြေးချမ်းသာနေတာနဲ့ စိတ်ချမ်းသာနေတယ်ဆိုတာ မဟုတ်ပါဘူး ဥပမာ
အားဖြင့်ပြောရမယ်ဆိုရင် လူတစ်ယောက်က သိပ်မချမ်းသာသော ရုံးဝန်ထမ်း
လေးဖြစ်မည်။ ထိုရုံးဝန်ထမ်းလေးတွင် အိုင်ဖုန်းလေး တစ်လုံးရှီနေမည် ဆိုပါတော့
အဲ့ဒီ အိုင်ဖုန်းလေး ဟာ တစ်နေ့မှာတော့ သူစီးလာတဲ့ ကားပေါ် အငှားကားပေါ်မှာ
ကျန်ခဲ့မယ်ဆိုရင် သူဘယ်လိုခံစားရမယ်ထင်ပါသလဲ ဒီနေရာမှာ တွေးစရာတွေ
များစွာ ဖြစ်နိုင်ခြေတွေများစွာ ရှိနေမှာ ဖြစ်ပါတယ် တွေးကြည့်ရအောင်ပါ
ဆယ်သိန်းနားမှာ တန်တဲ့ အိုင်ဖုန်းလေးတစ်လုံးအတွက်တောင် စိတ်ပူပန်စရာ
ဖြစ်နေမည်ဆိုခဲ့ရင် သိန်းထောင်ပေါင်းများစွာ ချမ်းသာသောသူတွေ ရင်ထဲ စိတ်
ထဲမှာ ကောဘယ်လိုများ စိုးရိမ်စိတ်တွေ ဖြစ်နေမည်လဲ သူတို့တွေက ဒီလောက်ချမ်းသာနေတာ တော်ပါပြီဆိုပြီးတော့ ငွေရှာနေတာတွေ အလုပ်လုပ်နေ
တာတွေကို ရပ်တန့်နေတာမဟုတ် ပါဘူး ဆက်လက်ရှာဖွေနေကြတာ ဆက်ပြီး
အလုပ်တွေများစွာ လုပ်နေကြတာသာဖြစ်တယ် တကယ်တော့ သူတို့ဟာ လက်ရှိ ချမ်းသာတာထက်ချမ်းသာအောင် ဆိုတာထက် ချမ်းသာပြီးတာတွေကို
လျှော့ပါးမသွားအောင် နေ့မြပြတ် ကြိုးစားနေကြတာ စိတ်ပူနေကြတာ စိုးရိမ်နေကြတာ ဖြစ်တယ်ဆိုတာကိုကော တွေးမိသူများ ရှီကြပါရဲ့လား
ဆင်းရဲသား အဆင်မပြေသူကလည်း လက်ရှိဆင်းရဲတာထက် ထပ်ပြီး ဆင်းရဲ
မသွားအောင် ကြိုးစားနေရတယ် ဒီထက်ပိုအဆင်ပြေသော ဘ၀အခြေအနေကို
ရောက်အောင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြိုးစားနေကြတာပါ။ ချမ်းသာသူကတော့
အထက် မှာ ဆိုခဲ့သလို ပါဘဲ အားလုံးအတူတူပါဘဲ စိုးရိမ်နေကြတယ် စိတ်ပူ
နေကြတယ် ကြိုးစားနေကြတယ်
ကိုယ့်ဘ၀ ကိုယ့်အခြေအနေလေးကို ကျေနပ်နှစ်သက်တက်ဖို့ တကယ်ကို လိုအပ်ပါလေသည်။
စိတ်ချမ်းသာစွာ နေနိုင်ရေးတွင် သူတစ်ပါးနဲ့ နှိုင်းယှဉ်နေခြင်းသည် အလွန်ကို မလုပ်သင့်သော
အရာတစ်ခုဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော ထိုသို့သော လုပ်ဆောင်မှုများသည်
မိမိဘ၀အတွက် စိတ်ချမ်းသာစေသော အရာများကို ဖျက်ဆီးပြစ်ရာရောက်သေကြောင့်ဖြစ်ပါလေသည်။
မိမိသည် မိမိလမ်းကြောင်းနှင့် မိမိသာဖြစ်ပါလေသည်။ သူသည်လည်းသူ့ လမ်းကြောင်းနဲ့သူ သာဖြစ်
ပါလေသည်။ လမ်းကြောင်းမတူညီခြင်းသည် ကွာဟခြင်းမဟုတ်ပါဘူး သူလည်းကြီးပွားနိုင်သလို
ကိုယ်လည်း ကြီးပွားနိုင်ပါသည် လမ်းကြောင်းမတူသည့်အတွက် အဆင်ပြေခြင်း ကြီးပွားခြင်းသည်
လည်း အတိုင်းအတာ အချိန် တွေ ကွာခြားနေမည်ဖြစ်လေသည်။ ဒီအပေါ်မှာ တိုင်းတာ နိုင်းယှဉ်မိ
သည့်အတွက် ကိုယ်တော့ သူ့လောက်မှ အဆင်မပြေဖြစ်လေသည်ဟု တွေးကာ ကိုယ့်ရဲ့သွားနေ
သော လမ်းကြောင်းကို စွန့်ခွါချင်စိတ် ဖြစ်ပေါ်လာနိုင်သည်။ အင်မတန် ဆိုးသော အတွေးအမြင်များ
ကို တွေးမိစေနိုင်သည် ယနေ့မှစလို့ နှိုင်းယှဉ်ခြင်း သိမ်ငယ်ခြင်း စိတ်ကို ဖယ်ခွါကြပါစို့။
photo-google image