စိတ်ထဲမှာ ဖြစ်ပေါ်နေတာတွေကို ထုတ်ဖေါ် ပြောဆိုဖို့လိုအပ်ပါတယ် ကြိတ်ပြီးမခံစားပါနဲ့ ရင်းနှီးသူများကို ပြောပြပါ
ရင်ဖွင့်ဖို့ လိုအပ်ပါတယ်။ ဒါမှ ရင်ဆိုင်ရတဲ့ ပြသနာတွေက လွယ်ကူသွားစေနိုင်ပါတယ်
သင်၏ ခံစားချက်များကိုရေးချပါ ၊ပြောဆိုပါ ၊ ရင်ဆိုင်ပါ ရှောင်လွှဲ မသွားမိပါစေနဲ့။ ထွက်မပြေးပါနဲ့။
မည်သူမဆိုမဆိုကွဲကွာခြင်း၏အစပိုင်းအခြေအနေများတွင် စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းနိုင်ပါဘူး
ရုတ်တရက်ဆိုသလို သင့်ရင်ထဲမှာ ပူလောင်ခြင်းတွေ ဖြစ်တည်နေတာကို ဘယ်လိုမှ ရှောင်ပြေးမရနိုင်ပါဘူး
ဝမ်းနည်းမှု ၊ အထီးကျန်မှု ၊ ဘာမှမရှိတော့ဟုခံစားရခြင်းများနှင့် အဆိုးမြင်သောခံစားချက်များသည် တပြိုင်နက်တည်းဖြစ်ပေါ်
လာတတ်ပါတယ် ထိုခံစားမှုများကို ဖြစ်ခွင့်မပေးပါနှင့် ရင်ဆိုင်လိုက်ပါ သင့်အနေဖြင့် ထိုကဲ့သို့တစ်စုံတစ်ဦးနှင့်လမ်းခွဲရသည့်အခါ
အထက်ဖော်ပြပါခံစားချက်များကို ကြံ့ကြံ့ခံနိုင်ဖို့အရေးကြီးပါတယ် စာရွက်တစ်ရွက်ကိုယူ၍သင်ခံစားနေရသမျှကိုချရေးလိုက်ပါနော်
စာရွက်ထဲမှာ ချရေးတယ်ဆိုတာ ရင်ဖွင့်တာပါဘဲ
ချရေးပြီးသောအခါ သင့်အနေဖြင့် ဖြစ်ရပ်တစ်ခုချင်းစီအတွက် သင်လုပ်နိုင်တာဘာတွေရှိလဲဆိုတာကိုသိလာပေလိမ့်မယ်
အလွယ်ကူဆုံးနဲ့ အလျှင်မြန်ဆုံး ပြသနာကို ရင်ဆိုင်ခြင်းဖြစ်ပါလေသည်။
photo-google image