စကားတီးတိုးပြောတဲ့ သူတွေဟာ
ကိုယ့်ခေါင်းထဲက အတွေးတွေကို ပြန်ကြားနိုင်တယ်။
ဆက်သွယ်မှုအားက ကောင်းမွန်လှပါတယ်
တစ်ခါတစ်လေ ခေါင်းတွေရှုပ်ပြီး ဘာလုပ်ရမှန်း မသိတဲ့ အချိန်တွေ ရှိခဲ့ဖူးမှာပါ။ အဲ့ အချိန်ဆို တစ်ယောက်တည်း
စကားပြောတတ်သူတွေက “ ငါ ဘာတွေလုပ်နေတာပါလိမ့်။ ကဲခေါင်းအေးအေးထား၊ ဒီလိုလုပ်ကြည့်၊ အဆင်မပြေရင်လည်း
နောက်တစ်မျိုးပြောင်းပေါ့။” အဲလိုပြောလိုက်တာက ကိုယ်ဘာတွေးနေတယ် ကိုယ်ဘာလုပ်ချင်တယ်ဆိုတဲ့ လမ်းစပြန်ပေါ်
လာတာယ်။ ခေါင်းကို ရှင်းပေးဖို့ ကိုယ့်ဘာသာ သတိပေးလိုက်သလို ဖြစ်သွားတယ်။
တဖြည်းဖြည်း လွယ်ကူလို့ မြန်ဆန်စေပါတယ်
ပြောရမည့် စကားတွေ အဆင်ချောသွားတယ်။ မှတ်ညဏ်ကောင်းစေတယ်။
ပွဲတစ်ခုမှာ ကိုယ်ကပြောရမယ့်သူဆိုရင် “ ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့အတိုင်း ကိုယ်ပြောနေရမည့်စကားတွေကို
တစ်ယောက်တည်း တစ်တွတ်တွတ်ရွတ်နေရင် စင်ပေါ်ကျရင် အဆင်ချောသွားရော။ စာအသံထွက်ကျက်တာလည်း
ဒီသဘောပဲပေါ့။ တစ်ခုခုဆိုရစင်အာရုံစူးစိုက်ရတာလည်း ပိုကောင်းသွားတယ်လေကိုယ့်အသံကို ပြန်ကြားနေရတော့ အာရုံမပြန့်တော့ဘူးပေါ့။
ဒီလောက် ကောင်းမွန်တာကို ဘာလို့ မလုပ်နိုင်ရမည်နည်း
ခုပြောခဲ့တာတွေကတော့ တစ်ယောက်တည်း စကားပြောတတ်ခြင်းရဲ့ ကောင်းကျိုးတွေ ဖြစ်တယ်။ ကိုယ်ကလည်း
တစ်ယောက်တည်း စကားပြောတတ်တဲ့ အထဲ ပါနေရင် တော့ ဝမ်းသာလိုက်နော်။ ယဉ်ယဉ်လေးရူးနေတာ
မဟုတ်ဘူး ညဏ်ကြီးရှင် လေးတွေပါလို့ဆိုတာတွေ့ဖူးပါတယ် ကိုယ်လည်း ခေသူတစ်ယောက်တော့ မဟုတ်လောက်ပါဘူး မကြာခဏ အဲ့သလို လုပ်နေတက်တယ်လေ
photo-google image