စာမရေးတာက အတော်လေးကြာသွားတယ် စာရေးပျင်းနေခဲ့မိတယ် ဘယ်လောက်တောင်လဲဆိုရင်တော့ ဆယ့်ငါးရက်လောက် စာမရေးဘဲ နေခဲ့မိတယ် ဒီနေ့တော့ စိတ်ကူးပေါ်တာနဲ့ ၀င်လာလိုက်တယ် သီချင်း လေး နားထောင်ရင်းပေါ့
သစ်ရွက်ကလေးတွေလဲ မြေမှာခလို့လွှင့်ကြွေမြဲ အဖော်မဲ့နှုတ်ခမ်းများလဲ ညင်သာတီးတိုးရွတ်ဆိုဆဲ အနမ်းပန်းများသည်လဲ ကြွေကာခမ်းခြောက်ရစ်ပြီကွယ် အချစ်ရဲ့လိပ်ပြာလေး ဘယ်မှာပုန်းလို့နားပြီလဲ အဖော်ကွဲတဲ့ငှက်ကလေးများ အပေါ်ကိုသာငေးငေးကြည့်ရင်းနဲ့သာ နှလုံးသားမျက်ရည်များကျဆင်းလာ သူပေးတဲ့ချစ်အနမ်းများ ပြန်လည်ကာတွေးတောစိတ်မောမိတာ အေးမြပါးပြင်သည်ပူနွေးလာ ကတိစကားများကိုလဲ မြေလှန်ပြန်ရှာရင်း ဘဝအသစ်များပေါ်လဲ ညင်သာစွာလျှောက်လှမ်းရင်း ချစ်တိုင်းလဲမညား စကားကိုသာ တီးတိုးရေရွတ်မိတာ ကိုယ့်နှလုံးသားအသည်းအိမ်မှာ အချစ်များစွာ သူပေးတဲ့အချစ်များကိုသာ ထွေးပိုက်နေတုန်းအခိုက်မှာ ကိုယ့်နှလုံးသားအသည်းတစ်နေရာ အချစ်ပေးတဲ့ဒါဏ်ရာများ အိုးအချစ်ရယ်
ဒိသီချင်းလေးကတော့ ဦးငှက်ကြီးရဲ့ သီချင်းလေးပါ ချစ်တိုင်းလဲမညားတဲ့ နားထောင်ဖြစ်တဲ့ သီချင်းလေးပါ အရမ်းကြိုက်တယ်လေ