မင်္ဂလာပါနော် ကလေးမိခင်များ သိမှတ်စရာတွေကို ရေးလာတာဖြစ်ပါတယ်နော်
ဒီနေ့အတွက်တော့ သိထားသင့်သည့် အဓိကအချက်များထဲက
နံပါတ်သုံးအနေနဲ့တော့ အောက်ပါအတိုင်းဖြစ်ပါလေသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် ကြုံတွေ့ရတက်သည့်အခက်အခဲများကို လျှော့ပါးသက်သာ
စေရန်အတွက် ထိုအခက်အခဲပေါ်ပေါက်လာတော့မည့် ရှေ့ပြေးနိမိတ်များကို သိ
ထားသင့်ပါတယ် သို့မှသာ ကြိုတင်ဆင်ခြင်ကာကွယ်ေ၇ှာင်ရှားနိုင်ပါတယ်အချိန်မှီ
ဆေးကုသမှု ခံယူလို့ ရနိုင်ပါတယ် ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်အလေးချိန်
မတက်တော့ခြင်းတွေ ခြေထောက်များ ယောင်အမ်းလာခြင်းတွေ ခေါင်းကိုက်ခြင်း
တွေ အော့အန်ခြင်းတွေ မျက်ခွံ မျက်ခမ်း အတွင်းသားများ ဖြူလျှော့လာခြင်းတွေ
စသဖြင့်ပေါ့ အဲ့ဒီလို အခြေအနေတွေ ဖြစ်ပေါ်လာတယ်ဆိုရင် ချက်ချင်း နီးစပ်ရာ
နားလည်တက်ကျွမ်းသည့် ကျန်းမာရေး ၀န်ထမ်းများထံကို အကူအညီတောင်းပြီး
ဆေးကုသမှု ခံယူသင့်ပါတယ်
နံပါတ်လေး အနေနနဲ့ကတော့ ကိုယ်ဝန်ဆောင်နေတုန်းမှာ အစားအသောက်ကို
ခါတိုင်းထက် ပိုပြီး စားသုံးရန်နှင့် ပိုမိုပြီးတော့ နားနေရန်အတွက် အထူးလိုအပ်ပါတယ်
နံပါတ်ငါး အနေနဲ့ကတော့ ကလေးတစ်ဦးအနည်းဆုံး နှစ်နှစ်မျှခြားစေခြင်းနှင့် အသက်ဆယ့်ရှစ်မပြည်ခင်နှင့် အသက်သုံးဆယ့်ငါးနှစ်ကျော်လျှင် ကိုယ်ဝန်မဆောင်ရအောင် ရှောင်ကြဉ်ခြင်း တို့သည် ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွား
စဉ်တွင် ကြုံတွေ့ရတက်သည့် အခက်အခဲတို့ကို လျှော့နည်းစေနိုင်ပါတယ်
အားလုံး ကျန်းမာရေးအသိများ တိုးပွါးနိုင်ကြပါစေနော်
photo-google image