bold
စီရော်နယ်ဒိုဟာလက်ရှိမှာတရုတ်စူပါလိဂ်ကိုပြောင်းမယ်ဆိုတဲ့သတင်းတွေထွက်နေပေမယ့် အသင်းကနေထွက်ခွင့်တောင်းထားတာမျိုးမရှိဘူးလို့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကပြောလိုက်ပါတယ်။
ပေါ်တူဂီနဲ့ ဂွမ်ဇူးအဲဗားဂရန်ဒီနည်းပြဟောင်း စကိုလာရီက စီရော်နယ်ဒိုဟာ တရုတ်စူပါလိဂ် အခြေအနေအကြောင်းသူ့ကိုခဏခဏမေးမြန်းခဲ့တယ်လို့မကြာသေးခင်ကထုတ်ပြောလိုက်ပြီးနောက် တရုတ်ကိုပြောင်းနိုင်တယ်ဆိုတဲ့သတင်းတွေထွက်လာတာဖြစ်ပါတယ်။ ပီရက်ဇ်ကတော့ စီရော်နယ်ဒိုဟာအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေးတဲ့အပြင် ရလဒ်တွေ မကောင်းတဲ့အချိန်မှာတောင် အသင်းကထွက်ဖို့မတောင်းဆိုခဲ့ဘူးလို့ပြောသွားပါတယ်။
mso-88