Credit Image Source
လက်ရှိမှာ Facebook Messenger မှာ သင်က သူငယ်ချင်းထံပေးပို့ထားတဲ့ စာသား၊ ဓာတ်ပုံနဲ့ အခြားအရာများကို ဖျက်တဲ့အခါမှာ သင့်ဘက်မှာသာဖျက်ပေးပြီး သင့်သူငယ်ချင်း သို့မဟုတ် Facebook Server များမှာ ဖျက်ပေးခြင်း မရှိပါဘူး။ သိပ်မကြာခင်မှာတော့ Facebook Messenger မှာ သင်ပေးပို့ထားတဲ့ အရာများကို ဖျက်တဲ့အခါမှာ အခြားဘက်မှ လူနဲ့ Facebook Server များကနေပါ ဖျက်ပေးမှာ ဖြစ်ပါတယ်။ ဒီစွမ်းရည်ကို Facebook က လာမယ့်လများအတွင်းမှာ လူတိုင်းသုံးနိုင်အောင် ပြုလုပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ TechCrunch က Facebook ရဲ့ စီအီးအိုဖြစ်သူ မတ်ဇူကာဘတ်က သူတို့ထံပေးပို့ထားတဲ့ Message များဟာ အလိုအလျှောက် ပျက်သွားတယ်ဆိုတာကို ပြောကြားပြီးနောက်ပိုင်းမှာ ယခုကြေညာမှုကို Facebook က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ Facebook က မက်ဆင်ဂျာရဲ့ Encrypted Version မှာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပေးပို့လိုက်တဲ့ မက်ဆေ့များကို နှစ်ဖက်စလုံးဆီမှာ အလိုအလျှောက် ဖျက်ပေးတဲ့စွမ်းရည်ကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ သူ့ကိုအသုံးပြုဖို့အတွက် မက်ဆင်ဂျာမှာ Secret Conversation ကဏ္ဍထဲကို သွားရပါတယ်။ အဲဒီ Secret Conversation ထံကို သီးခြားသွားရတဲ့အတွက် လူတွေက သိပ်ပြီး အသုံးမပြုကြပါဘူး။ ဒီစွမ်းရည်ကို ပင်မမက်ဆင်ဂျာမှာ ထည့်သွင်းပေးမယ်ဆိုရင် အသုံးပြုမှု တွင်ကျယ်လာတဲ့အပြင် လူတွေရဲ့ ကိုယ်ရေးကိုယ်တာဒေတာများ လုံခြုံလာမှာ ဖြစ်ပါတယ်။ မကြာခင်ကပဲ Facebook ဟာ မက်ဆင်ဂျာမှ ဒေတာများကို စုံစမ်းထောက်လှမ်းတယ်ဆိုတာကို ၀န်ခံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဖြစ်ရပ်မတိုင်ခင်မှာလည်း User သန်းပေါင်းများစွာရဲ့ ဒေတာများပေါက်ကြားမှုဖြစ်ပေါ်ခဲ့တဲ့အတွက် Facebook ကို စွန့်ခွာသွားတဲ့လူများလည်း ထွက်ပေါ်လာပါတယ်။