အဆိပ်သင့်နေတဲ့ ပတ်ဝန်းကျင်က
ခဏထွက်ခဲ့ပါအချစ်ရယ်…
ခြေဦးတည့်ရာ မင်းရှိနေရင်
ဘယ်နေရာမဆို
ခမ်းနားတယ်…
မြင်လေရာရာ
ပုပ်လှောင်နေတဲ့လူ့ အတ္တတွေကြား
ပျက်ဆီးယိုယွင်းကိုယ်ချင်းစာတရား
ကျောခိုင်းဖို့ အတွက် လုံလောက်တယ်
ထားခဲ့ပါအချစ်ရယ်…
ရိုးသားမှုကိုပြတိုက်ပို့ မယ့်လမ်းတစ်ဝက်မှာ
အပြံုးတုတွေလဲအရင်လိုမချိုမြိန်တော့ဘူး
လမ်းမထက်ကအမှိုက်ပွသလို
ပြန့် ကျဲနေတဲ့သိက္ခာတရားတွေ
ကျော်ခွနင်းပြီး
လွတ်ရာကင်းရာသွားကြမယ်…
အချစ်ချင်းတူရင်
(နေရာတိုင်းဟာ)
ပြာလွင်တဲ့အမိုးအောက်က
ပန်းခင်းတဲ့ကမ္ဘာငယ်
မိုးကုတ်စက်ဝိုင်းအဆုံးထိ
လိုက်ပြချင်ပါရဲ့ 
ငါ့လက်ကိုတော့ မလွတ်စေနဲ့ …