တခါတုန်းက ပင်စင်ယူခါနီး လူတယောက် ကားလေးတစီးနဲ့ လေညှင်းခံထွက်လာတာ ရထားသံလမ်းတခုနားရောက်လာခဲ့တယ်။သူကားလေးကို ၇ပ်လိုက်ပြီး ကားပေါ်ကဆင်းလာခဲ့တယ်။သံလမ်းအတိုင်းလမ်းလျှောက်သွားရင်းနဲ့စိတ်ထဲမှာလဲအတွေးတွေအများကြီးနဲ့ပေါ့။ပင်စင်ယူရတော့ မယ်ဆိုတော့ အလုပ်မရှိတော့ ဘူး။ပင်စင်လာစာလေးနဲ့နောက်ပိုင်းစားဝတ်နေရေးအဆင်ပြေပါ့မလား စဉ်းရင်းနောက်တော့ ကားကိုသတိရလိုက်တယ်။အော် ငါ့ မှာကားလေးရှီသေးတာဘဲ။ဒါကိုရောင်း ရတာကိုအလုပ်တခုခုထဲ ထည့် ၊ရတဲ့ငွေနဲ့ ဆိုရင်တော့ လင်မယားနှစ်ယောက်စားလောက်ပါရဲ့ပေါ့။အဲဒီလိုတွေးနေတုန်းမှာဘဲ ရှေ့နားကအသံတစ်သံကြားလို့ သေချာနားထောင်ကြည့် လိုက်တော့ ရထားဥသြဆွဲသံဖြစ်နေတယ်။ထူးဆန်းလိုက်တာပေါ့၊ဒီနားရထားမလာတာကြာပြီလေ၊သေချာကြည့် လိုက်တော့ရထားကလာနေပြီ ရထားသွားမဲ့လမ်းကိုကြည့် လိုက်တော့  ဟားးးးးးး တော်တော်လန့်သွားတာ၊ရထားသွားမဲ့လမ်းမှာအသက် တနှစ်အရွယ်ကလေးလေးတယောက် ထိုင်နေတာတွေ့ရတယ်၊အော်ပြောလို့ လဲနားလည်မဲ့အရွယ်မဟုတ်၊ငါဘာလုပ်ရမလဲ သေချာစဉ်းစားလိုက်တော့  အနီးမှာ ရထားလမ်းလွှဲ မဲ့မောင်းတံကိုတွေ့ လိုက်တယ်၊အဲဒီကိုပြေးသွား မောင်းတံကိုသေချာကိုင် ချမယ်အလုပ် သေချာပြန်ကြည့် လိုက်တော့  သွားမဲ့လမ်းက သူ့ ကားလေးရပ်ထားတဲ့နေရာ ကိုဖြစ်နေတယ်၊သူဘာလုပ်ရမလဲ။
author: