အိပ်ပျော်တဝက် မပျော်တဝက်နဲ့ နိုးထလာ၍ တင်ပြလိုက်သည်
ဒီည ကျွန်တော်သည် ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းမရှိပါ။အိပ်ပျော်အောင်အိပ်စက်ပါသော်လည်း အိပ်ရာထဲ၌ နိုးတဝက် အိပ်ပျော်တဝက် မပြီဝိုးတဝါအိမ်မက်တွေကို မက်လိုက်ပါသေးတယ်။နိုးတဝက် အိပ်ပျော်တဝက်နဲ့ မိုးလင်းသွားသည်အထိ ဖြစ်နေမည်ဆိုလျှင်တော့ ဒီည အိပ်ရေးဝအောင် ကောင်းမွန်စွာနဲ့ စက်တော်ခေါ်နိုင်လိမ့်မည်မဟုတ်လေတော့ အိပ်ပျက်မည့်အတူတူ ထူးခြားမှုတခုခုကိုတော့ ဒီညလုပ်မှဖြစ်ပေတော့မည်။အိပ်ပျော်တဝက်နဲ့ နိုးတဝက် အိပ်ရာထဲ၌ ဟိုမရောက် ဒီမရောက်ဖြစ်နေရခြင်း၏ အဓိကအကြောင်းကို အိပ်ရာမှနိုးထ၍ စဉ်းစားစဉ်ခြင်ကြည့်လိုက်သောအခါမှာတော့ "အော်"busyထံသို့ စာသဝန်လွှာ စာရေးpostတင်မပြခဲ့သည်မှာ 4dayလောက်ရှိသွားခဲ့ပြီ သူမထံသို့ စာသဝန်လွှာ ဆပ်သခြင်းကို ပျက်ကွက်သည့်ရက်များ ရှည်ကြာသွားပါက ကျွန်တော်အား အမြတ်တော်ရှကာ စပေါ့စရင်းထဲမှ ထုတ်ပဟ်ခြင်းခံရတော့မည် စာရေး၍postတင်ပြအံ့ ဟူသော ထိုအတွေးများကြောင့် အိပ်ပျော်အောင်အိပ်စက်ပါသော်လည်း နိုးတဝက် အိပ်ပျော်တဝက် ဖြစ်နေရခြင်းပင်ဖြစ်လေသည်။
busyပေးသောစပေါ့သည် အများသကာလို များများစားစားမရပါသော်လည်း1.27%ဖြင့်အမြဲမပျက် နေ့စဉ်လာပေးလေတော့ ယခုပေါက်ဈေးနဲ့ဆိုလျှင် $0.01တော့ရနေသေးသည်ဆိုတော့ကာ ၎င်း၏တန်ကြေးသည် လက်ရှိဈေးကျနေသောအခြေအနေ၌ တန်ကြေးမကြီးမားသော်လည်း တန်ဖိုးရှိလှပေသည်။လက်ရှိ ဖြစ်ပျက်နေသောအခြေအနေ၌ $0.00နဲ့ postပေါင်းများစွာတို့သည် steemitလမ်းမပေါ်၌ ဘဲဥမကွဲပဲ မြင်တွေ့နေရသော အခြေအနေတွင်busyပေးသော$0.01ကို တန်ဖိုးထားရပေလိမ့်မည်။တန်ကြေးဆိုသည်မှာလည်း တန်ဖိုးထားတက်သောလူအတွက်သာ အကျိုးပြုနိုင်သည်။ထို့ကြောင့် ဘယ်လိုအကြောင်းပြချက်မှမထုတ်ပဲ အချိန်ပေးပြီး ရေးချတင်ပြနိုင်မည့်နေ့ရက်၌ စာရှည်အောင်ရေးချမည်။ယခုတော့ ညနက်နက် အိပ်ပျော်တဝက် မပျော်တဝက် တာဝန်တစ်ခုအတွက် စိတ်သက်သာရာရောက်အောင် အိပ်နေသောနေရာမှထ၍ ရေးချတင်ပြလိုက်ပါတယ်ခင်ဗျာ။