မနေ့ကကျွန်နော်စာမရေးဖြစ်ခဲ့ဘူး…
ရေးပြီးတင်မယ်လို့စိတ်ကူးထဲ ပေါ်လာခဲ့ပေမယ့်လည် အလုပ်ကအပြန် ပင်ပန်းစိတ်ကြောင့် ရေးဖို့စိတ်ကူးသာရှိခဲ့ပေမယ့် တကယ်လက်တွေ့မှာတော့ မရေးဖြစ်ခဲ့ပါဘူး…………
တခါတလေတော့လည်းအလုပ်ပင်ပန်းနေတော့ မတင်ပြနိုင်ခြင်းတော့ရှိမှာပဲလေ………
ဒါကလည်း ခိုင်လုံသောအကြောင်းပြချက်လို့ သဘောထားလို့ရနိုင်သော်လည်း တစ်ရက်မရေးတင်ပြနိုင်တော့ ကျွန်နော်အတွက် တစ်ရက်နောက်ကျတာပေါ့ဗျာ……………
နှစ်ရက်နောက်မကျရလေအောင်တော့ မအားလည်း ဒီနေ့တစ်ရက်အတွက် ရေးရပေဦးမည်……………
အကြောင်းအရာကတော့ အထူးတလည်စဉ်းစားနေချိန်တော့မရဘူးဗျာ……………
အလုပ်ကလည်းမအားဘူးလေ အလုပ်မအားလို့ပါလို့လည်းခဏခဏ မပြောတော့ပါဘူး………
ဒါပေမယ့်လည်း လူတကာလိုမအားတာထက်ကို အချိန်ကိုလုပြီး စာရေးနေရလို့ပါ………………
ခုဒီလောက်ရေးချိန်ရတာတောင် ဂျယ်ကောင်အလုပ်သွားလုပ်ရန်အတွက် နယ်စပ်ဂိတ်ကိုဖြတ်ကျော်ရန် တန်းစီနေရတဲ့အချိန်မှာ ရေးလိုက်ရဗျို့…………
တစ်ရက်တစ်ရက် ဂျယ်ကောင်ထဲအလုပ်သွားရတာ တစ်ရက်မှအဆင်မပြေပါဘူးဗျာ…………
ဒီဘက်ဂိတ်ကဟိုဘက်ဂိတ်ပေါက်ဝကို ရောက်နိုင်ရန် တစ်နာရီခွဲနှစ်နာရီလောက် မက်တက်ရပ်ပြီး လိပ်သွားနည်းအတိုင်းသွားနေရတယ်ဗျာ…………
ဟိုဘက်ဂိတ်နဲ့ဒီဘက်ဂိတ်ကို ရောက်နိုင်ဖို့အတွက် ကျွန်နော်နဲ့လိပ် အပြေးပြိုင်မယ်ဆိုရင် လိပ်အနေဖြင့် အသွားနဲ့အပြန် အကြိမ်နှစ်ဆယ်ကျော်မက သွားနိုင်မယ်ထင်တယ်ဗျ…………
ကျွန်နော်မှာတော့ တကယ်တန်း ခြေလှမ်းများနဲ့လျှောက်လှမ်းသွားမယ်ဆိုရင် ခြေလှမ်းပေါင်း အလှမ်း၂၀ထက်ပိုလျှောက်လှမ်းရလိမ့်မယ်မထင်ပါဘူးလေ………………
အခုတော့မျက်စီရှေ့မှာတင် မြင်နေရပါသော်လည်း လိပ်ထက်ဖြေးသော ခြေလှမ်းပေါင်းများစွာနဲ့ လျှောက်လှမ်းနေရပြီလေ………………
တရွေ့ရွေ့နဲ့ တစ်လှမ်းခြင်းပေါ့ဗျာ…………
author:
photo:cedit google images