စာရေးပါ စာကိုနေ့တိုင်းရေးပြီး တင်ပြပါဆိုလို့လည်း နေ့စဉ်မပျက် အခါအားလျော်စွာ ကြိုးစားရေးတင်လာခဲ့ပါတယ်။
တွေးပါ အတွေးမှန်သမျှတို့ကို တွေးခေါ်နိုင်သမျှ စဉ်းစားတွေးခေါ်ပြီး ရေးတက်သလိုတော့ တွေးခေါ်စဉ်းစားကာ ရေးသားတင်ပြလာခဲ့ပါတယ်။
လွမ်းစရာ ရှိတာတွေကို လွတ်လွတ်လပ်လပ် လွမ်းလိုက်စမ်းပါကွာဆိုတော့လည်း လွမ်းဆွေးသမျှ ရေးသားခဲ့ဖူးတာ မကြာသောဟိုတစ်ချိန်ကပေါ့။
မလွမ်းချင်တော့ပါဘူး မဆွေးချင်တော့ပါဘူး စွဲလမ်းစိတ်ဆိုတာ လူစိတ်ကို နာကျင်စရာ ဒဏ်ရာဗလပွတွေကို ပေးတက်လေသတဲ့ ဟုတ်သလား ပြောချလိုက်ပြီနော်။
စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ပေါ်လာသမျှစိတ်ခံစားချက် ဒါတွေကို ရေးချလိုက်လျှင်တော့ အချစ်တွေလည်းမရှိတော့ပါဘူး ဒီလိုပါပဲ မုန်းတယ်ဆိုတာ နားဝမှာခါးသက်လွန်းလေတော့ လွယ်လွယ်နဲ့ မမုန်းရလေအောင်တော့ ငါ့စိတ်အစဉ်ကို ပြုပြင်ပြောင်းလဲပြီး နေလျက်ပါပဲ။
ဘယ်သူမဆို ဓါးသွားထက် ပျားရည်စက်ကို ပိုခုံမင်ပြီး တက်မက်ကြပါလိမ့်မယ် ကိုညီထွဋ်သီချင်းထဲကစာသားကို အမှတ်ရလိုရေးချကြည့်တာပါဗျာ။
မာန်မာနဆိုတဲ့စိတ်ဟာ လူစိတ်ကို သေစေနိုင်ပါတယ် မကောင်းပါဘူး စိတ်ကောင်းနှလုံးကောင်းမွေးမြူကြပါ မေတ္တာထားကြပါ သီးခံကြပါ ခွင့်လွတ်နိုင်ကြပါစေ စသည့် စသည့် လေးနက်ကောင်းမွန် တန်ဖိုးကြီးမြတ်လှသောစကားတွေ အကြိမ်ရေတွက်မရနိုင်အောင် များပြားစွာဖြင့် မည်သို့ပင်ပြောဆို နေကြပါသော်လည်း
တကယ်လက်တွေ့၌ မိမိပြောဆိုခံယူချက်ထားရှိသည့်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်နိုင်ခြင်း မရှိနိုင်ကြပါဘူးလို့ဆိုပါသော်လည်း ရှိတော့ရှိတယ် ရှားတယ် တွေ့မိသလားဆိုရင် တွေ့တာတင်ဘယ်ကမလဲ မြင်တောင်မြင်လိုက်ရပါတယ်လေ။
ရှားတဲ့အထဲမှာ ရှိနေကြတဲ့လူတွေကိုတော့ လေးစားဂုဏ်ယူ ရိုသေနေလျက်ပါပဲ။
အပြောဆိုတာ အလုပ်နဲ့တူညီနေမှသာ အရာရာအဆင်ပြေနိုင်ပါလိမ့်မယ်။
ငါပြောသလိုလုပ် ငါလုပ်သလိုတော့ မပြောရဘူး မလုပ်ရဘူးဆိုရင်တော့ ဘယ်နည်းလမ်းကျပါ့မလဲဗျာ။
အပြောနဲ့အလုပ် တထပ်ထဲကျစွာ ကျင့်ကြံနေထိုင်ခြင်းသည်က ကောင်းမြတ်သောစိတ်ထားပင်ဖြစ်သည်ဟု တိုတိုနဲ့ရှင်းရှင်း ရေးချလိုက်ပါတယ်ခင်ဗျာ။
author:
photo:cedit google images