မိခင်ပြစ်မှား သားမိုက်ကြမ္မာ (ဇာတ်သိမ်း)
နောင်တကား နှောင်းခဲ့ပြီဖြစ်သည်။
အလွန်ချစ်ခဲ့ရသော သားကြီးမောင်ထွန်းလည်း ယခုတော့ အသေဆိုးနှင့် ကြုံသွားရပြီဖြစ်သည်။
သမီးနှစ်ယောက်သည် တသိမ်သိမ့်ငိုကြွေးနေသော မိခင်ကြီးအား ဖေးမ ဖက်ထားသည်။
သွေးကစကားပြောသည်ဆိုသည့်အတိုင်း အဖြစ်ဆိုးနှင့် ကြုံသွားရရှာသော အကိုကြီး၏ ရုပ်အလောင်းအား ဝမ်းနည်းစွာ စိုက်ကြည့်နေမိသည်။
တစ်ယောက်ကအစ တစ်ရာဆိုသလို လာရောက်ကြည့်ရှု့နေကြသော ရပ်ကွက်ထဲမှ လူအများကတော့ ကျေးဇူးရှင် မွေးသမိခင်ကြီးကို ကိုယ်ထိလက်ရောက် ကာယကံ ဝစီကံနှစ်ပါးတို့ဖြင့် စော်ကားရိုင်းပြခဲ့သော အကုသိုလ်ကံဆိုးကြီးကြောင့် မြေမမျိုသော်လည်း မြေမျိုခံရသကဲ့သို့ ရွံ့နွံ့ နစ်ခြင်းလည်းခံရ၊ ရေတိမ်နစ်ခြင်းလည်းခံရပြီး အသေဆိုးနှင့် သေရသည့် ပဉ္စာနန္တရိယကံကြီး ထိုက်သွားရခြင်း ဖြစ်သည်ဟူ၍...။
ဆရာတင့်လူရဲ့ မိခင်ပြစ်မှား သားမိုက်ကြမ္မာ ဤတွင်ပြီး၏။