မမျှော်လင့်သော ကျဆုံးခြင်းများကိုတွေ့ကြုံရတိုင်း
နှလုံးသားရဲ့ နာကျင်ခြင်းနောင်တတရားတွေကို
စုတ်သက်မိသည်က ခပ်များများရှိနေပေသည်
မိမိရဲ့အမှားနောင်တကိုအဖန်ဖန်ကျူးလွန်မိခဲ့ခြင်း
ထိုအမှားကို ပြုပြင်ရန်စိတ်မပိုင်းဖြတ်နိုင်ခြင်း
စသည်မိမိရဲ့ အကျင့်ဆိုးအားနည်းချက်တစ်ခုဟာ
မိမိကိုပဲ ထိခိုက်ပျက်ဆီးစေမှာကို မိမိစိတ်ရဲ့ဆန္ဒကို
မလွန်ဆန်နိုင်ခြင်းသည်ပင် မိမိအမှားတစ်ခုကို
မျက်ကွယ်ပြုသလိုဖြစ်နေ၏ ထိုသို့မကြာခဏပင်
ပြုလုပ်မိသည်ကို မိမိအနေဖြင့် သတိမမူ ဂူမမြင်သည်
လည်း မဟုတ်ပေ မသိလိုအမှားကျူးလွန်မိခြင်းလည်း
မဟုတ်ပါ တစ်ခါတစ်ရံကျူးလွန်ခြင်းဆိုလျင်ပင်
မိမိကိုယ်တိုင် နားလည်နိုင်ပေသေးသည် သို့သော်
မိမိရဲ့ ဆက်တိုက်ကျူးလွန်မှုကို မိမိကိုယ်တိုင်ပင်
ခွင့်မလွှတ်နိုင်သည်အထိ ပြင်းထန်စွာပြုလုပ်လာခဲ့သည်
ထို့ကြောင့်ပင်မိမိမှာ သတိလက်လွှတ်ငှက်တောင်ကျွတ်
သကဲ့သို့ အမွှေးအမျှင်များသာ နည်းပါသွားသည်
ပြန်လည်ထွက်လာမည့် အမွှေးအမျှင်များမှာတစ်နေ့
တစ်ခြား ပါးပါးလာခဲ့သည့် အတော်အတန်ကြာခဲ့လေပြီ
ထိုကဲ့သို့ မိမိအဖြစ်ကိုပြန်လည်တွေးမိတိုင်းစိတ်တ္တဇများ
နဲ့ ပြင်းထန်စွာ အပြစ်တင်မိဆဲပင် မိမိစိတ်ကို ကြိုးတုပ်
ကား သောခတ်ပြီးထိမ်းချုပ်ထားလိုက်မိချင်၏ သို့ပေမဲ့
ထိုသို့လုပ်၍မရသည်ကို အတော်အတန့စိတ်ပျက်မိ
သည်မှလွဲ၍ အခြားမရှိပေ မည်ကဲ့သို့ ပြုလုပ်ရမည်ကို
ပင် မတွေးတတ်အောင်ရှိချေတော့သည်မှာ
မိမိရဲ့ အဖြစ်ပျက် အဆိုးတရားများဟုသာ.....
အဆိုးဆုံး ဘဝတစ္ေကြ႕
မေမွ်ာ္လင့္ေသာ က်ဆဳံးျခင္းမ်ားကိုေတြ႕ႀကဳံရတိုင္း
ႏွလုံးသားရဲ႕ နာက်င္ျခင္းေနာင္တတရားေတြကို
စုတ္သက္မိသည္က ခပ္မ်ားမ်ားရွိေနေပသည္
မိမိရဲ႕အမွားေနာင္တကိုအဖန္ဖန္က်ဴးလြန္မိခဲ့ျခင္း
ထိုအမွားကို ျပဳျပင္ရန္စိတ္မပိုင္းျဖတ္နိုင္ျခင္း
စသည္မိမိရဲ႕ အက်င့္ဆိုးအားနည္းခ်က္တစ္ခုဟာ
မိမိကိုပဲ ထိခိုက္ပ်က္ဆီးေစမွာကို မိမိစိတ္ရဲ႕ဆႏၵကို
မလြန္ဆန္နိုင္ျခင္းသည္ပင္ မိမိအမွားတစ္ခုကို
မ်က္ကြယ္ျပဳသလိုျဖစ္ေန၏ ထိုသို႔မၾကာခဏပင္
ျပဳလုပ္မိသည္ကို မိမိအေနျဖင့္ သတိမမူ ဂူမျမင္သည္
လည္း မဟုတ္ေပ မသိလိုအမွားက်ဴးလြန္မိျခင္းလည္း
မဟုတ္ပါ တစ္ခါတစ္ရံက်ဴးလြန္ျခင္းဆိုလ်င္ပင္
မိမိကိုယ္တိုင္ နားလည္နိုင္ေပေသးသည္ သို႔ေသာ္
မိမိရဲ႕ ဆက္တိုက္က်ဴးလြန္မႈကို မိမိကိုယ္တိုင္ပင္
ခြင့္မလႊတ္နိုင္သည္အထိ ျပင္းထန္စြာျပဳလုပ္လာခဲ့သည္
ထို႔ေၾကာင့္ပင္မိမိမွာ သတိလက္လႊတ္ငွက္ေတာင္ကြၽတ္
သကဲ့သို႔ အေမႊးအမွ်င္မ်ားသာ နည္းပါသြားသည္
ျပန္လည္ထြက္လာမည့္ အေမႊးအမွ်င္မ်ားမွာတစ္ေန႕
တစ္ျခား ပါးပါးလာခဲ့သည့္ အေတာ္အတန္ၾကာခဲ့ေလၿပီ
ထိုကဲ့သို႔ မိမိအျဖစ္ကိုျပန္လည္ေတြးမိတိုင္းစိတ္တၱဇမ်ား
နဲ႕ ျပင္းထန္စြာ အျပစ္တင္မိဆဲပင္ မိမိစိတ္ကို ႀကိဳးတုပ္
ကား ေသာခတ္ၿပီးထိမ္းခ်ဳပ္ထားလိုက္မိခ်င္၏ သို႔ေပမဲ့
ထိုသို႔လုပ္၍မရသည္ကို အေတာ္အတန႕စိတ္ပ်က္မိ
သည္မွလြဲ၍ အျခားမရွိေပ မည္ကဲ့သို႔ ျပဳလုပ္ရမည္ကို
ပင္ မေတြးတတ္ေအာင္ရွိေခ်ေတာ့သည္မွာ
မိမိရဲ႕ အျဖစ္ပ်က္ အဆိုးတရားမ်ားဟုသာ.....
Photo @ google.com