ငှက်ကလေးတွေ စိုးစီစိုးစီ မိုးအမြင့်မှာ ပျံသန်းကြပြီ
နေ့ရက်တို့ရဲ့ နံနက်တိုင်းမှာ မိုးတိမ်တွေလွှမ်းခြုံးဆိုင်း
မြူတွေ တိမ်လို ရစ်ပတ်ကာဝိုင်း အုံးမှိုင်းမှိုင်း
တောတောင်ခြေမှာ မီးခိုးငယ် ယာတဲလေးများနဲ့
လယ်ယာခွင် ဆင်းကြပြန်တော့
မိုးခေါ်တဲ့ ငှက်ငယ်ရယ် အုံးအင်သံပေးတဲ့ဖားငယ်နဲ့
လယ်ယာခွင်ပြန်ကာဆင်းကြရလေတော့
မိုးရာသီတစ်ခွင်....။
သာယာစွာ စိမ့်စမ်းရေတံခွန်များနဲ့
ပျော်ရွှင်စွာ တောတောင်ကြက်တွန်သံများရယ်
တောအလယ်ဗွေဝဠာ ထက်အာကာတိမ်းကြားမှ
မိုးခြိမ်းသံအလွန်ကြားရင်ဖြင့်
ကြောက်အားပို နှမငယ်ငယ်ရယ်
မောင်ကြီးရင်ခွင်သို့လှမ်းလာမြန်းကာစိုးစံပါတော့
နွေးနွေးထွေးထွေး ကြိုပါ့မယ်ကွယ်...။
ကောက်ပင်တွေ ထွန်ဆံကြဲကာချရာသီမို့
လယ်ကန်သင်းတွေဆည်ဖို့ကြပြန်ပြီလေ
မနှစ်ကနဲ့မတူ တမူဆန်းသစ်ကြပြန်တော့
လက်မှုလယ်ယာမှသည် လက်မှုလယ်ယာသို့သာပ
တိုးတက်ကြတော့သည် မြန်ဆန်ကာ
စရိတ်တွေသက်သာကြတော့သည်မို့
ဟန်ပါပါ သွက်ကာ သုံးကြတယ်ကွယ်
ဒို့လယ်ယာတော....။
မိုးရာသီ လယ္ယာေတာဆီမွ
ငွက္ကေလးေတြ စိုးစီစိုးစီ မိုးအျမင့္မွာ ပ်ံသန္းၾကၿပီ
ေန႕ရက္တို႔ရဲ႕ နံနက္တိုင္းမွာ မိုးတိမ္ေတြလႊမ္းၿခဳံးဆိုင္း
ျမဴေတြ တိမ္လို ရစ္ပတ္ကာဝိုင္း အုံးမွိုင္းမွိုင္း
ေတာေတာင္ေျခမွာ မီးခိုးငယ္ ယာတဲေလးမ်ားနဲ႕
လယ္ယာခြင္ ဆင္းၾကျပန္ေတာ့
မိုးေခၚတဲ့ ငွက္ငယ္ရယ္ အုံးအင္သံေပးတဲ့ဖားငယ္နဲ႕
လယ္ယာခြင္ျပန္ကာဆင္းၾကရေလေတာ့
မိုးရာသီတစ္ခြင္....။
သာယာစြာ စိမ့္စမ္းေရတံခြန္မ်ားနဲ႕
ေပ်ာ္႐ႊင္စြာ ေတာေတာင္ၾကက္တြန္သံမ်ားရယ္
ေတာအလယ္ေဗြဝဠာ ထက္အာကာတိမ္းၾကားမွ
မိုးၿခိမ္းသံအလြန္ၾကားရင္ျဖင့္
ေၾကာက္အားပို ႏွမငယ္ငယ္ရယ္
ေမာင္ႀကီးရင္ခြင္သို႔လွမ္းလာျမန္းကာစိုးစံပါေတာ့
ေႏြးေႏြးေထြးေထြး ႀကိဳပါ့မယ္ကြယ္...။
ေကာက္ပင္ေတြ ထြန္ဆံႀကဲကာခ်ရာသီမို႔
လယ္ကန္သင္းေတြဆည္ဖို႔ၾကျပန္ၿပီေလ
မႏွစ္ကနဲ႕မတူ တမူဆန္းသစ္ၾကျပန္ေတာ့
လက္မႈလယ္ယာမွသည္ လက္မႈလယ္ယာသို႔သာပ
တိုးတက္ၾကေတာ့သည္ ျမန္ဆန္ကာ
စရိတ္ေတြသက္သာၾကေတာ့သည္မို႔
ဟန္ပါပါ သြက္ကာ သုံးၾကတယ္ကြယ္
ဒို႔လယ္ယာေတာ....။
Photo #google.com