၇ ရက် သားသမီးများ၇ ရက် သားသမီးများအတွက် ကံကြမ္မာ(ယုံချင်ယုံ၊မယုံချင်နေ)
ဗေဒထိပ်ခေါင် ဆြာမှန်ပေါင်
တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း ရပ်ဝေးအဆက်အသွယ်ကောင်းတွေပေါ်လာမယ်။ ခရီးယာယီများမယ်။အလုပ်ကိစ္စတွေ အောင်မြင်မယ်။မျက်မှန်ဝတ်ထားတဲ့လူဆီက အကူအညီကောင်းတွေရတတ်တယ်။ထွက်နေတဲ့ငွေတွေ၊ပစ္စည်းတွေ ပြန်ဝင်လာမယ်။ဆုံးရှုံးထားတဲ့အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ပျောက်နေတဲ့ပစ္စည်းတွေ အမှတ်မထင်ပြန်တွေ့တတ်ပါတယ်။
ဆရာသမား၊ မိတ်ဆွေတို့ရဲ့ အကူအညီကောင်းပေါ်လာမယ်။ နေအိမ်အဆောက်အဦးကိစ္စ၊မြေနေရာကိစ္စတွေမှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ လွဲကုန်တတ်ပါတယ်။မိသားစုထဲက တစ်ယောက် ခြေထောက်မှာ ထိခိုက်မိတတ်ပါတယ်။အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့ သာယာဖို့ ရာနှုန်းပြည့်လို့ ပြောရမှာပါပဲ။ကြည်နူးဝမ်းမြောက်ဖွယ်လက်ဆောင်ပစ္စည်းတွေလည်း ၀င်လာတတ်ပါတယ်။ရပ်ဝေးကြီးကဲသူဆီက အကူအညီရတာ၊ရပ်ဝေးသတင်းကောင်းကြားတာ ပညာရေးကိစ္စ၊ သင်တန်းကိစ္စအတွက် ၀မ်းသာစရာကြုံတာ၊ လုပ်ငန်းအဆက်အသွယ်သစ်၊ အခွင့်အလမ်းကောင်းပေါ်လာတာတွေ ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၃ နဲ့ ၆ ဖြစ်ပါတယ်(ထီထိုးရင် အဲ့ဂဏန်းတွေရှောင်ထိုး)။
တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း ငွေတအားရွှင်မယ်။သတင်းကောင်း၊ဧည့်သည်ကောင်းတွေရောက်လာမယ်။ စာချုပ်ကိစ္စ၊စာရင်းဇယားကိစ္စတွေအောင်မြင်မယ်။အရောင်းအ၀ယ်ကိစ္စ ထစ်ငေါ့နေရင် အဆင်ပြေသွားမယ်။ရပ်ဝေးက ငွေတွေ၊ပစ္စည်းတွေလည်း ရောက်လာတတ်ပါတယ်။အဆာက်အဦး၊နေရာထိုင်ခင်းကိစ္စ အဆင်မပြေဖြစ်တတ်တယ်။ အချစ်ရေး၊အိမ်ထောင်ရေးကိစ္စတွေမှာတော့ သာယာချမ်းမြေ့စရာတွေ ဖြစ်လာမယ်။
ထူးထူးခြားခြား ဓာတ်ပုံတွေ၊ ပိုစတာတွေ၊ ပန်းချီကားတွေ ၀င်လာတတ်ပါတယ်။အများရဲ့ အမြင်မှာ အထင်လွဲစရာကိစ္စတွေ ဖြစ်လာတတ်ပါတယ်။ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေအောင်မြင်မယ်။ငွေရေးကြေးရေးကတော့ အဘက်ဘက်က ၀င်နေပါလိမ့်မယ်။
မထင်မှတ်တဲ့ခရီး၊ ဘုရားဖူးခရီး၊ ငွေကိစ္စခရီးတွေ ထွက်ရတတ်ပါတယ်။ပြဿနာဟောင်း၊ ရောဂါဟောင်း ပြန်ပေါ်လာတတ်တာကိုတော့ သတိထားရမယ့်အချိန်ပါပဲ။ကံအကျိုးပေးဂဏန်းတွေကတော့ ၄ နဲ့ ၂ တို့ဖြစ်ပါတယ်(မယုံနဲ့နော်။လူရင်းတွေမို့ သတိပေးတာ။ဆရာဂဏန်းပေးလို့ မွဲပြာကျပြီး ခွက်ဆွဲပြီးတောင်းစားနေရတဲ့သူတွေ ၉၉၉၉၉၉ ယောက်ရှိသွားပြီ)။
photos credit to source.