စတီးမစ် သုံးတာ ၁ နှစ်ခွဲ ကျော်ရှိပါပြီ။ ကိုယ့် account လေးရဲ့ သက်တမ်းက ဒီလောက်တောင် ရှိပြီ ဆိုတာတောင် သတိမထားမိပါဘူး။ စ လုပ်တုန်းက token လေးတွေ free ဆိုလို ဘာမသိ ညာမသိ account လေးဖွင့်ထား ပြီး ပိုစ့်လေး တစ်ခု နှစ်ခု ရေးတင် ကြည့်ပါတယ်။ မိတ်ဆက် ပိုစ့်လေးပင် မှတ်မိသေးတယ် 0.173$ ပဲရတယ်။ နောက်ပိုစ့်တွေ ဘဲဥ တောင်မကွဲဘူး။ ဒါဟာ တစ်ဦးတည်း တစ် ယောက်တည်း မဖြစ်ဘူးဆိုတာ သဘောပေါက် လိုက်ပါတယ်။ ဒါတောင် bro ကြီး ရဲ့ pdf လေးကို သေသေချာချာ ဖတ်ပြီးမှ တတ်သလောက် မှတ်သလောက် e လို ရေးထားတာ။
အဆင်မပြေတော့ ပစ်ထားလိုက်တာ လ တော်တော်ကြာပါတယ်။ နောက်တော့ နဲ့ အတူ msu ဆိုပြီး တာထွက်လာတော့ မှပဲ ပိုစ့်တွေမှာ ကိန်းဂဏန်း အစုံ မြင်လာရတာပါ။ ဒါတောင် ဒသမ အရှေ့ကို မရောက်ခဲ့ပါဘူး။ အဲဒီ အချိန်မှာပဲ စတင်းလေးတွေက ဈေးတွေ ထိုးကျလာပါတော့တယ်။ မေ့မရတဲ့ အမှတ်တရ လေးတွေပါပဲ။ အဲဒီ အချိန်က တစ်ပတ် ပြည့်မှ 1 STEEM ပဲ ရခဲ့ပါတယ်။ minnowsupport ဆီက ဗုတ်တောင် မတောင်း တတ်အောင်ကို ဘာမှ မသိခဲ့တာ ခုပြန်တွေး ခု ရယ်ချင်မိပါတယ်။
နောက်တော့ msu ကို ဘဒို ရောက်လာတော့ ပွဲက ပိုလှ လာပါတော့တယ်။ သူ့ဆီက support တွေ knowledge တွေ ရသမျှ ယူပြီး လှုပ်ရှား လာလိုက်တာ ခုထိပါပဲ။ ဒါ့အပြင် အခြားသော msc က မိတ်ဆွေများရဲ့ support တွေရလာတော့ ခုဆို စတီးမစ်မှာ သက်တောင့် သက်သာနဲ့ လှုပ်ရှားနိုင်နေပါပြီ။ ကိုယ့်ဘာသာ လောဘတက်ပြီး အလိုကြီးလို့ အရနည်း နေတာသာ ရှိပါတယ်။ စ တင်ခဲ့ချိန်က နဲ့ ခုအနေအထားက ကွာခြား လွန်းနေပါပြီ။
ဆရာကြီး တစ်ယောက်တော့ မဟုတ်ပေမယ့် ကျွန်တော့ရဲ့ အတွေ့အကြုံ က တခြားသော စတီးမစ် အသုံးပြုသူ အသစ်များအတွက် အထောက်အကူတော့ ရမှာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော့ရဲ့ အတွေ့ အကြုံတွေကို ဝေမျှဖို့ အမြဲ အသင့်ပြင်ထားပြီးသားပါ။ ကျွန်တော် မသိတဲ့ အပိုင်း ဆိုလည်း ကိစ္စ မရှိပါဘူး။ တခြားသူတွေဆီ ညွှန်းလိုက်မှာပေါ့။ အစားအသောက် နဲ့ ပတ်သတ်ပြီး မေးရင် ဘယ်သူဆီသွား၊ game ဆိုရင် တော့ ဘယ်သူ ဘယ်သူ၊ စာရေးကောင်းသူ ဆို ဘယ်သူ ဘယ်သူ၊ စသဖြင့် ပေါ့ မတ်ဘူးလားဗျာ။ :) :)
မကြာခင် အချိန်မှာပဲ စတီးမစ် မှာ ၂ နှစ်ပြည့် တော့မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ရောက်ရင် ပြည့်မီဖို့ target လေးတွေ ရှိထားပါတယ်။ တကယ်လို့ target တွေ ရောက်ရှိခဲ့ရင် ဖြစ်ဖြစ် ကျရှုံးခဲ့ရင် ဖြစ်ဖြစ် ၂ နှစ်ပြည့်တဲ့နေ့မှာ အမှတ်တရ အဖြစ် စတီးမစ် ပေါ်မှာ ပျော်စရာ တစ်ခုခု တော့ ဖန်တီးပါဦးမည်။ စတီးမစ် ပေါ်က မိတ်ဆွေ ဆရာ များနှင့် အတူ ပျော်ရအောင်လို့။
So many thanks for reading and visiting my blog.
Have a good day to all steemians!
To play steemmonsters : https://steemmonsters.com?ref=aggamun
Using share2steem.io : https://share2steem.io/?ref=aggamun
My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-1-steem-bounty-thng-esny-nyaa-thng-wng-atu-week-28-aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=293