ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြဿနာတစ်ခုက စာတစ်ပုဒ်ကို သေသေချာချာမဖတ်တာပါပဲ။ ဒီပိုစ့်ကိုတော့ သေသေချာချာဖတ်စေချင်ပါတယ်။ အခုကျွန်တော်တို့ လုပ်ထားတဲ့စနစ်က အမည်ပျက်စာရင်းသွင်းခြင်းနဲ့ အလိုအလျှောက်မဲပေးခြင်း စတာတွေပေါ်ကို အခြေခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ဖတ်ပြီးမဲ(upvote)ပေးမယ်ဆိုရင် ကျွန်တော်အားတဲ့အချိန်မှပေးရတာဖြစ်တဲ့အတွက် ပိုစ့်တင်တဲ့အချိန်ကို အနည်းငယ် ကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒိ အစား အလိုအလျှောက်မဲပေးတဲ့စနစ်ကို သုံးထားပါတယ်။ တစ်ဖက်ကလဲ copy/paste တွေဝင်လာမှာ စိုးရိမ်တဲ့အတွက် လူတွေကို စိစစ်ပြီးမှ အလိုအလျှောက်မဲပေးတဲ့စနစ်ထဲကို ထည့်သွင်းပါတယ်။ ပြီးတော့ အချိန်ရတဲ့အခါမှာ အဲ့ဒိ ပိုစ့်တွေကို ဖတ်ကြည့်ပြီးတော့ comment ပေးပါတယ်။ အလိုအလျှောက်မဲပေးခံရတဲ့သူတွေအနေနဲ့ကလဲ copy/paste တွေ မသုံးဖို့ တာဝန်ခံဖို့လိုပါတယ်။ Copy/paste သုံးတာမိရင် အလိုအလျှောက်မဲပေးစနစ်ကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။ နောက်တစ်ကြီမ် ပြန်ပြီး မဲရဖို့ဆိုရင်တော့ အောက် က အချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။
ဒီနည်းလမ်းတွေကို လက်ရှိအချိန်မှာ Cheetah မှာ သုံးနေပါတယ်။
- မိမိရဲ့ community ကို တောင်းပန်တဲ့ ပိုစ့်တစ်ခုတင်ပါ။ myanmar, esteem
- မိမိ copy/paste လုပ်ထားတဲ့ ပိုစ့်လင့်ခ်တွေ အကုန်ထည့်ပါ။
- အဲ့ဒိနောက်မှာ ခုနှစ်ရက်အတွင်းမှာ မိမိကိုယ်တိုင် ရေးထားတဲ့ ပိုစ့်ခုနှစ်ခုတင်ပါ။
- အဲ့ဒါတွေလုပ်ပြီးသွားရင် ကျွန်တော်တို့ဆီကို လုပ်ပြီးသွားတဲ့အကြောင်းလာပြောပါ။
အခုအချိန်မှာ အလိုအလျှောက်မဲပေးစနစ် ထဲကို ထည့်သွင်းထားတဲ့သူ ၂၆ ယောက်ရှိပါတယ်။ ၂၅ ယေက်ကတော့ ကို ရဲ့ ပိုစ့်မှာ ပါပါတယ်။ နောက်ထပ်ထည့်ထားတဲ့သူကတော့
ဖြစ်ပါတယ်။
https://steemit.com/myanmar/@lwanwai/esteem-mwa-sa-ep-eyathathundefined-ab631ef67f12b
ကျွန်တော်တို့ရဲ့ စနစ်ကို ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲ။
ဒီနေရာမှာ ကိုယ်အားတဲ့အချိန်နဲ့ ပိုစ့်တင်ရမဲ့အချိန်က မကိုက်တာတွေကိုလဲ ကြုံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ Esteem မှာ မိမိပိုစ့်တင်ချင်တဲ့အချိန်တင်လို့ ရတဲ့ စနစ်ပါပါတယ်။ ကျွန်တော်ကတော့ esteem surfer သုံးတဲ့အတွက် SS ကိုလဲ esteem surfer ကနေပဲယူပြထားပါတယ်။ Schedule ဆိုတာကို ရှာပြီး နှိပ်လိုက်ပါ။
နောက်တစ်ဆင့်မှာ select date ကိုနှိပ်ပါ။ပြီးတာနဲ့ ကိုယ်ပိုစ့်တင်ချင်တဲ့ အချိန်ကိုရွေးပါ။ eSteem က မြန်မာနိုင်ငံရဲ့ စံတော်ချိန်နဲ့ အလုပ်လုပ်တယ်လို့ထင်ပါတယ်။ နောက်တစ်ဆင့်မှာတော့ schedule ကို နှိပ်လိုက်ပါ။ ဒါဆို ရပါပြီ။
နောက်တစ်ခုကလဲ အရေးကြီးပါတယ်။ အဲ့ဒါကတော့ follower များဖို့ပဲဖြစ်ပါတယ်။ Follower များမှ တန်ဖိုးများတဲ့ မဲကို ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကတော့ curation မှသည် community ဆီသို့ဖြစ်ပါတယ်။ eSteem သုံးတဲ့သူတွေ တိုင်းဟာ မိမိတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို upvote (မဖြစ်မနေ )ပေးရမယ်ဆိုတဲ့ အချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ အခြား esteem သုံးတဲ့သူတွေကို follow လုပ်တာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်မယ်မထင်ပါဘူး။ အဲ့ဒိတော့ အခြား esteem သုံးတဲ့သူတွေကို follow လုပ်ပေးစေချင်ပါတယ်။ အပြန်အလှန် follow လုပ်ကြစေချင်ပါတယ်။
ဝေဖန်အကြံပြု ဆွေးနွေးလိုတဲ့အချက်တွေရှိရင် comment ရေးခဲ့လို့ရပါတယ်။ အလိုအလျှောက်မဲပေးတဲ့ စနစ်ထဲကို ကို ပါထည့်သွင်းသွားမှာဖြစ်ပါတယ်။ စုစုပေါင်း ၂၇ ယောက်ရှိပါပြီ။


Universal Basic Income
Promoting Service
Building Network
.jpg)
Join Discord: https://discord.gg/RSrv669
Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=488
