ဒီတစ်ခါတော့ သေသေချာချာ ရှင်းပြမှ ရတော့မယ်ထင်ပါတယ်။ အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ စတာတွေကို သေသေချာချာရှင်းပြဖို့လိုပြီထင်ပါတယ်။
အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။
- ကျွန်တော် ဗုတ်ပေးတဲ့ပိုစ့်တွေကို အီးတင်းကလိုက်ပြီးတော့ ဗုတ်ပေးပါတယ်။
- ကျွန်တော်တင်မကပါဘူး။ အခြား ကူရေးရှင်းလုပ်တဲ့ သူတွေလဲ ရှိတဲ့အတွက် ကျွန်တော် ဗုတ်မပေးပေမဲ့လဲ ဗုတ်ရနိုင်ပါတယ်။
- သူ ဗုတ် ပေးခဲ့တဲ့ အချိန် ၂၄ နာရီပြည့်မှ နောက်ထပ် ပိုစ့်တစ်ခုကို ဗုတ်ပေးပါတယ်။
- အီးစတင်းကို သုံးပြီးရေးထားဖို့လိုပါတယ်။
- အီးစတင်း ကို တက်တွဲထားဖို့လိုပါတယ်။ (ဒါကလဲ ရှာရလွယ်အောင်လို့ပါ။)
အပေါ်ကအချက်တွေကတော့ သူဗုတ်ပေးတဲ့အကြောင်းကိုပဲပြောတာဖြစ်ပါတယ်။ ဗုတ်မပေးတဲ့အချက်တွေနဲ့ ဗုတ်ပေးတဲ့ ရာခိုင်နှုန်းတွေကို ထည့်မပြောတော့ပါဘူး။
ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။
- တစ်နေ့ကို တစ်ခါပဲပေးပါတယ်။ (ဒါကလဲ SP က နည်းနေတဲ့အတွက် အခြားသူတွေကိုပါ မျှမျှတတရစေလိုတဲ့အတွက်ဖြစ်ပါတယ်။)
- နှစ်ဆယ့်လေးနာရီအတွင်းမှာ တစ်ခါပဲပေးပါတယ်။ ဒါပေမဲ့ အီးစတင်းလို နှစ်ဆယ့်လေးနာရီပြည့်မှမဟုတ်ပဲနဲ့ day by day ပဲပေးတယ်လို့ထင်ပါတယ်။ စတင်းအော်တို ဘယ်လိုအလုပ်လုပ်သလဲတော့ မသိပါဘူး။ ဥပမာ ၂၄ ရက်နေ့ဆိုရင် ၂၄ ရက်နေ့မှာ ဗုတ်တစ်ခုပဲရမှာဖြစ်ပါတယ်။ ဒါပေမဲ့ UTC နဲ့သတ်မှတ်တာလား။ လိုကယ်တိုင်းနဲ့ သတ်မှတ်တာလားတော့မသိပါဘူး။
- ဗုတ်တင်းပါဝါရဲ့ ရှယ်ဆယ်ရာခိုင်နှုန်းအောက်ရောက်တာနဲ့ ဗုတ်ပေးတာရပ်သွားမှာ ဖြစ်ပါတယ်။
အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။
အီးစတင်းရဲ့ ဗုတ်ရအောင်က အခြေအနေ နှစ်ခုနဲ့ ကိုက်ညီဖို့လိုပါတယ်။ ပထမအချက်က အီးစတင်း ဗုတ်ပေးခဲ့တာ နှစ်ဆယ့်လေးနာရီပြည့်ရမယ်။ ဒုတိယအချက်က ကျွန်တော့်ရဲ့ ဗုတ်လဲ ရရမယ်။
ပထမအချက်က မဖြစ်မနေ ဖြစ်ပြီးတော့ ဒုတိယ အချက်ကတော့ တခါတလေမှာမလိုအပ်ပါဘူး။ ဒါပေမဲ့ နှစ်ခုစလုံးပြည့်စုံရင်တော့ ဗုတ်ရဖို့သေချာပါတယ်။
ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ
နေ့တစ်နေ့ရဲ့ ပထမဆုံးပိုစ့်က အီးစတင်းနဲ့ တင်သင့်ပါတယ်။ အဲ့ဒိနောက်ပိုင်းမှာ အခြားပိုစ့်တွေတင်ရင်လဲ ပြဿနာမရှိပါဘူး။ ဒီလိုမှ မဟုတ်ပဲနဲ့ အခြားပိုစ့်တွေကို အရင် တင်လိုက်ရင် အဲ့ဒိပိုစ့်ကို ကျွန်တော်က ဗုတ်ပေးပါလိမ့်မယ်။ ဒါဆိုရင် အီးစတင်းနဲ့ တင်တဲ့ပိုစ့်မှာ ဗုတ်မရနိုင်တော့ပါဘူး။ အဲ့ဒိလိုဆိုရင်တော့ အခြား ကူရိတ်တာကိုပဲ စောင့်ရတော့မှာဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာကလဲ ကျွန်တော့်ပိုစ့်ကို tag နဲ့ ဗုတ်ပေးအောင် လုပ်မထားနိုင်လို့ပါ။ သူတို့ကတော့ အဆင့်မြင့်ပါတယ်။ ကျွန်တော်တို့ကတော့ စတင်းအော်တိုကိုပဲ သုံးရတဲ့ အတွက်ကိုယ်လိုချင်သလို ကွက်တိလုပ်ဆောင်လို့မရပဲဖြစ်နေပါတယ်။ ဒီပိုစ့်ကို သေသေချာချာဖတ် ပြီး ဒီအထဲက အကြံပေးချက်တွေကို လိုက်နာမယ်ဆိုရင်တော့ နောက်ထပ် အီးစတင်းရဲ့ ဗုတ်မရဘူးဆိုတာမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။
P.S. ဒီကြားထဲမှာ မှ အီးစတင်း ရဲ့ ဗုတ်မရတာလဲ ဖြစ်နိုင်ပါသေးတယ်။ သူ့ရဲ့ ဘော့ ဒေါင်းနေရင်ပဲဖြစ်ဖြစ်၊ စတင်းအော်တို ဒေါင်းနေရင်ပဲဖြစ်ဖြစ် ဗုတ်မရပဲနဲ့ နေနိုင်ပါတယ်။
Universal Basic Income
Promoting Service
Building Network
.jpg)
Join Discord: https://discord.gg/RSrv669
Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=533

