ဒီနေ့ပဲ drugwars ကို update လုပ်လိုက်ပါတယ်။ အဲဒီမှာ ပြဿနာ စတက်တာပါပဲ။သူတို့လုပ်ထားတဲ့ အပြောင်းအလဲတွေကတော့ အရင်ကဆိုရင် တိုက်ပွဲတစ်ပွဲပြီးတိုင်း refresh လုပ်ရပါတယ်။ အခုလုပ်စရာ မလိုတော့ပါဘူး။ အဆောက်အအုံဆောက်တာ စစ်သားထုတ်တာတွေမှာ ချက်ချင်းမရတော့ပါဘူး။ ချက်ချင်းလိုချင်ရင်တော့ Steem သုံးပြီး လုပ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ game ရဲ့ပုံစံကလဲ ပိုကောင်းလာပါတယ်။
ဒါဆို ဘယ်နေရာက ပြဿနာတက်နေတာလဲ။
update လုပ်ပြီး သိပ်မကြာခင်မှာပဲ။ ဂိမ်းက တိုက်လို့မရတော့ပါဘူး။ တိုက်လို့တော့ရတယ် ဒါပေမဲ့ ကုန်ကြမ်းတွေကတော့ မရပါဘူး။ ဒါဆိုဘာဖြစ်လို့တိုက်နေမှာလဲ ရန်သူ့မှာ တပ်ဖွဲ့တွေရှိရင် ကိုယ့်တပ်ဖွဲ့တွေတောင်မှ ကုန်သွားနိုင်ပါတယ်။ Rowdy တစ်ကောင်ကို ထုတ်ဖို့ဆိုရင် တစ်မိနစ်ကျော်ကြာပါတယ်။ အခြားအကောင်တွေဆို ဒီထက်ပိုကြာပါတယ်။ ကိုယ့်ဆီမှာ ကုန်ကြမ်းတွေရှိနေရင်တောင် ချက်ချင်း လုပ်လို့မရပါဘူး။
heist ထဲကို drug တွေ သွင်းလိုက်ရင် သူ့အထဲကို မရောက်ပဲနဲ့ ကိုယ့် ရဲ့ drug တွေ ကနှစ်ဆတိုးသွားပါတယ်။ အဆောက်အအုံတွေကို ဆောက်လိုက်ပေမဲ့လည်း အကျိုးသက်ရောက်မှု မရှိပါဘူး။ သူ့ရဲ့ update ကအဆင်မပြေသေးတဲ့သဘောပါ။ အခုအချိန်ထိလဲ ဂိမ်းက ကောင်းလိုက် မကောင်းလိုက်ပါပဲ။
ကောင်းလိုက်မကောင်းလိုက်ဆိုပေမဲ့ ကောင်းကွက်တွေကတော့ ရှိနေပါသေးတယ်။ ဘယ်သူမှ တိုက်လိုက်မရတဲ့အတွက် စခန်းတွေထဲမှာ ကုန်ကြမ်းတွေအများကြီးရှိနေပါတယ်။ ဂိမ်းကစားလို့ ရတဲ့ အချိန်ခဏလေးအတွင်းမှာပဲ အဲဒီစခန်းတွေကို တိုက်ယူပါတယ်။ အဲဒီအတွက် ကုန်ကြမ်းတွေ အများကြီးရပါတယ်။ အဲဒါကြောင့် အချိန်အကုန်ခံပြီး ဂိမ်းပြန်ကစားလို့ရမယ့်အချိန်ကို ထိုင်စောင့်နေပါတယ်။
ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ heist ကနေ 1.3 $ လောက်ရမှာ ဖြစ်ပါတယ်။ တစ်ခါမှ မရဖူးပါဘူး။
Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=128