Drugwars ဆိုတဲ့ ဂိမ်းကတော့ CoC နဲ့အတော်တူတယ်လို့ ဆိုကြတယ်။ ရှေ့လာမည့် ပြောင်းလဲမှုတွေကို ကြည့်ပြီး ဆိုကြတာ ဖြစ်ပါမယ်။ အခိျု့အချက်တွေကတော့ တူပါတယ်။ အကုန်လုံးတော့လဲ မတူပါဘူး။
ဒါဆို ဘယ်နေရာတွေက တူသလဲ။
- Resource တွေ ထုတ်ရတာ တူပါတယ်။ CoC မှာတော့ အမြန်ဆောက်ချင်ရင် Gem သုံးရပါတယ်။ ဒီမှာကတော့ Steem ကိုသုံးရပါတယ်။
- နောက်တစ်ချက်ကတော့ သူများတွေကို သွားတိုက်ပြီ resource တွေကို လုယူလို့ရပါတယ်။
- ကိုယ့်ကိုလာတိုက်မှာကို ကာကွယ်ဖို့ လူတွေ ထုတ်ထားရပါတယ်။
- ရတဲ့ resource တွေကိုပဲ သုံးပြီး resource အသစ်ဆောက်လို့ရပါတယ်။
- အခြားသူတွေနဲ့ စုပေါင်းပြီးတော့ ကလန်လုပ်ထားလို့ရပါတယ်။
- Storage တွေမှာ သူများတိုက်လို့ မပါနိင်တဲ့ ပမာဏတစ်ခုရှိပါတယ်။
ဒါဆိုမတူတာတွေက ဘာတွေများ ဖြစ်မလဲ။
ဂိမ်း play ပုံစံမတူပါဘူး။ ဒီဂိမ်းက ဘလော့ချိန်းကို အခြေခံတဲ့အတွက် CoC လို ကစားလို့ရမှာ မဟုတ်ပါဘူး။ ဘယ်သူက ဘယ်တပ်ဖွဲ့တွေ လွတ်လိုက်တယ်။ အရေအတွက်က ဘယ်လောက်ရှိတယ်။ ဘယ်သူ့ဆီကို လွတ်လိုက်တယ်။ အဲဒီလောက်ပဲပါမှာ ဖြစ်ပါတယ်။ အဲဒီအချက်အလက်ကို ဂိမ်းထဲမှာ တွက်ချက်ပြီးတော့ ရလာတဲ့ အဖြေကို ပြန်ထုတ်ပေးပါတယ်။ ဒါကလဲ ဘလော့ချိန်းထဲကို ပါပဲ။
ကလန်တွေ ဖွဲ့တဲ့အခါမှာ ကလန်အချင်းချင်းတိုက်တဲ့ သဘောလိုမျိုး မဟုတ်ပါဘူး။ ကိုယ့်ကို သူများတွေ လာမတိုက်အောင် မဟာမိတ်ဖွဲ့ထားတာလို့ ထင်ပါတယ်။ ကိုယ့်အဖွဲ့ထဲက လူတွေကတော့ ကိုယ့်ကို လာတိုက်မှာ မဟုတ်ပါဘူး။
နောက်တစ်မျိုးကတော့ စုပေါင်းပြီးတော့ ရင်းနှီးမြုပ်နှံထားတာ ဖြစ်ပါတယ်။ ကိုယ်က ဝင်ကြေးအနေနဲ့ ထည့်ထားတာတွေကို ကလန်ရဲ့ အဓိက အကောင့်ကို အဆင့်မြှင့်တင်ဖို့ သုံးပါတယ်။ ပြီးတော့ အဲဒီအကောင့်ကို အဆင့်မြှင့်ဖို့အတွက် ရာခိုင်နုန်း အနည်းငယ်ကို ချန်ထားပြီး ကျန်တဲ့ Steem တွေကို အဖွဲ့ဝင်တွေကို ခွဲဝေပေးပါတယ်။
ရှယ်ယာထည့်တဲ့ သဘောပါပဲ။ ဒါဆိုရင် ဒီဂိမ်းက စီးပွားရေးဆန်လာပါပြီ။ တကယ်လို့ ဂိမ်းမကစားတတ်ဖူးဆိုရင်လဲ ရပါတယ်။ ကျွန်တော့်ဆီမှာ ရင်းနှီးမြှုပ်နှံလို့ရပါတယ်။စိတ်ဝင်စားရင် ကွန့်မန့်ပေးခဲ့ပါ။ ဘယ်လိုလုပ်မယ်ဆိုတာကို နောက်ပိုစ့်တစ်ခုမှာ ဆက်ရေးမှာ ဖြစ်ပါတယ်။
Image Source
Posted from my blog with SteemPress : https://www.steemhosting.com/mmunited/drugwars-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%b9/