သိပ်မကြာခင်မှာပဲ အပြောင်းအလဲတွေ လုပ်လာဦးမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ bazooka နဲ့ hobo မှာပဲ စွမ်းရည်ရှိပါတယ်။ ကျန်တဲ့ အကောင်တွေကတော့ ဘာစွမ်းရည်မှ မရှိပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်ကာလမှပဲ စွမ်းရည်တွေ ပေါင်းထည့်တော့မှာပါ။ ဘယ်လို စွမ်းရည်တွေပေါင်းထည့်မလဲ ဆိုတာကိုတော့ ကျွန်တော်လဲ မသိပါဘူး။ ကျွန်တော်သိထားတာ တစ်ခုကတော့ သွေးပြန်ဖြည့်ပေးနိုင်တဲ့ အကောင် ပါလာတာပါပဲ။ ဒီအတိုင်းသားဆိုရင် big mama ရဲ့ အခန်းကဏ္ဍက အရေးပါလာမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ rowdys ဒါမှမဟုတ် bouncers များများ ရှိတဲ့ဘက် က အနိုင်ရပါတယ်။

Image Source
သိပ်မကြာခင်ကာလမှာတော့ အပြောင်းအလဲ ဖြစ်လာတော့မှာပါ။ ရန်သူကျသွားတာနဲ့ နောက်တစ်ယောက်ကို ဆက်တိုက်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေပါလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီလိုလုပ်မှလဲ rowdy ကို အားနည်းသွားအောင် လုပ်နိုင်မှာပါ။ တစ်ခုရှိတာကတော့ heal လုပ်နိုင်တဲ့ အကောင်အရေအတွက်များများပါလာရင်လဲ rowdy ကို တားနိုင်မှာပါ။ ရန်သူ့ရဲ့ တပ်ဖွဲ့ကို ကြည့်ပြီး ကိုယ့်ဘက်က ဘယ်လိုအကောင်တွေ လွှတ်ရမလဲ ဆိုတာကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

Image Source
ပြုပြင်ရန်လိုတဲ့ အချက်ကတော့ တိုက်ခိုက်တဲ့သူက အရမ်းကို အားသာလွန်းနေတာပါ။ ခံစစ် အဆောက်အအုံတွေ ပါလာရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ဒီအတိုင်းကတော့ မိမိတပ်ဖွဲ့ဝင်တွေ အများအပြားရှိမှ ဒါမှမဟုတ် တိုက်ခိုက်ဖို့အတွက် စီးပွားရေးအရ တွက်ခြေမကိုက်ဖူးလို့ ယူဆအောင် လုပ်နိုင်မှသာ တိုက်ခိုက်မှုတွေကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ လူအတော်များများကို သူ့ဂိမ်းကို ကစားနေစေချင်တာပါ။ တစ်နေ့တာ ထုတ်လုပ်မှုကို ကာမိအောင် storage တွေကို ဆောက်မယ်ဆိုရင်လဲ အတော်ကို အကုန်အကျများမှာ ဖြစ်ပါတယ်။
ကဲ အကောင်တွေမှာ ဘယ်လိုစွမ်းရည်တွေ ပါလာမလဲဆိုတာ စောင့်ကြည့်ကြရအောင်လားဗျာ။ စာဖတ်သူအနေနဲ့ရော ဘယ်အကောင်မှာ ဘယ်လိုစွမ်းရည်တွေ ပါလာမယ်လို့ ထင်ပါသလဲ။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=155