တကယ့်ဘဝအရသာဆိုတာ အချိုတခုတည်းမှ မဟုတ္တာ။ အချိုရှိသလို အချဉ်လည်းရှိ ၊ အဆိမ့်လည်းရှိ ၊ ဖန်တန်တန်အရသာလည်းရှိ ၊ ခါးသီးတဲ့နေ့တွေလည်း ရှိတယ်လေ။ အချိုချည်းပဲ ခံစားရမယ်လို့ မျှော်ကိုးလက်ထပ်ပေါင်းသင်းခဲ့တာမျိုးဆို ဖန်လာတဲ့နေ့တွေ ၊ ချဉ်လာတဲ့နေ့တွေ ၊ အီဆိမ့်နေတဲ့နေ့တွေနဲ့ ခါးသီးတဲ့နေ့တွေကို နှစ်ယောက်အတူ ဘယ်လိုဖြတ်သန်းကြမလဲ။ ဘယ်လိုလက်တွဲမြဲနေနိုင်ပါ့မလဲ။