အိန္ဒိယ ရှေးဟောင်းသုတေသနပညာရှင်များရဲ့အလိုအရ
မဟာရာဇဌာပြည်နယ်မှာ ရှိတဲ့ ကမ္ဘာကျော် Karle ဗုဒ္ဒလှိုဏ်ဂူတွင်းက
စေတီတော်ရဲ့ သစ်သား ထီးရွက်တော်ဟာ မြန်မာနိုင်ငံက ကျွန်းသစ်နဲ့ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အနှစ် နှစ်ထောင်ခန့် ရှိပါပြီ။
အခုလောလောဆယ် အီတလီ Lerici Foundation က
သုတေသနပြုခဲ့တဲ့ သရေခေတ္တရာမြို့ဟောင်း HMA 53 က
မီးသွေးစဟာ(၂၅)နှစ်သက်တမ်းရှိတဲ့ ကျွန်းပင်သားရဲ့ အထောက်အထား
လို့ဆိုပါတယ်။ပြီးတော့ Scientific Radoicarbon Datingအရ အဲဒီ ကျွန်းသားဟာ အေဒီ(၅၀၀)ခန့်ကလို့သိရပါတယ်။ ဒီ သက်တမ်းနှစ်ခုဟာ
ရှေးဟောင်းသုတေသနနဲ့ ဆက်စပ်နေတဲ့ အထောက်အထားပါ။
ဒီထက်ပိုစောတဲ့ အချိန်ကာလ စောစောကတည်းကရှေးဦးမြန်မာ့ ယဉ်ကျေးမှုခေတ်တွေမှာ ကျွန်းသစ်ကို အသုံးပြုခဲ့ကြပါလိမ့်မယ်။ အထောက်အထားတွေတော့ရှိပါတယ်။ Radiocarbon Dating မလုပ်နိုင်သေးလို့ပါ။
Photo Credit: Wikipedia