သိပ္ပံ ရုပ်ရှင်တွေ ထဲ မှာ ပါနေ ကျ ဖြစ်ပါတယ်။ အာကာသ ထဲ အဝေးကြီး သွားရမယ့် အချိန် မှာ ဇာတ်ဆောင် တွေဟာ စက်ကြီး တွေထဲ မှာ ဆေးရည် စိမ်ပြီး အိပ်နေချင်း ဖြင့် လပေါင်း များစွာ စားသောက်စရာ မလို၊ အိုမင်းသွားချင်း မရှိပဲ နေနိုင်ကြ ပါတယ်။ ဒါကို Cryosleep လို့ခေါ်ပါတယ်။ လက်တွေ့ မှာရော ဒါ ကဘယ်လောက် အထိ ဖြစ်နိုင် ပါသလဲ။
ဒီလို အိပ်စက်ချင်း ရဲ့နောက်ကွယ် က သိပ္ပံ သဘောတရား ကို Cryonics လို့ ခေါ်ပါတယ်။ ဒီ နည်းလမ်း ဟာ ခန္ဓာကိုယ် ကို အတော် နိမ့်တဲ့ အပူချိန် မှာ ထိန်းသိမ်းထား ပြီး တစ်နေ့မှာ ပြန်လည် နိုးထ နိုင်အောင် ရည်ရွယ်ချင်း ဖြစ် ပါတယ်။
အီဂျစ်ခေတ် က မံမီ ပြုလုပ်တဲ့ အကြံ အတိုင်း ပါပဲ။ ယနေ့မှာ နည်းပညာ က ဒါကို လက်တွေ့ စတင် လုပ်ဆောင်ဖို့ အခွင့်အလမ်း ပေးနေ ပါပြီ။ သို့ပေမယ့် စတင် စမ်းသပ် နေရုံလေးပဲ ရှိပါ သေးတယ်။
ဒီလို နည်းနဲ့ထိန်းသိမ်းတာ ကို အအေးလွန် ထိန်းသိမ်းခြင်း ( Cryonic Suspension ) လို့ခေါ်ပါ တယ်။ ဒီ နည်းပညာ ရဲ့ လက်ရှိ မျှော်လင့်ချက် ကတော့ လက်ရှိ ဆေးပညာ တွေနဲ့ မကယ်တင် နိုင်သေးတဲ့ လူ တစ်ယောက် ကို အေးခဲစွာ ထိန်းသိမ်း ထားပြီး အနာဂတ် တစ်ချိန်ချိန် မှာ ပြန်လည် ကယ်တင် နိုင်ဖို့ပါ။
လက်ရှိ အချိန် မှာတော့ အသက်ရှင် နေတဲ့ လူတွေ ကို အအေးလွန် ထိန်းသိမ်းမှု ပြုလုပ်ခြင်း ဟာ တရားမဝင် ပါဘူး။ ဒီလို ထန်းသိမ်းမှု ခံဖို့အတွက် လူ တစ်ယောက် ဟာ တရားဝင် သေဆုံးကြောင်း ကြေညာ ရ ပါတယ်။ နှလုံးခုန် ရပ်သွား ရမယ် ပေါ့။ ဒါဆို ဘယ်လို ပြန်ရှင်ပါတော့ မလဲ။
ဒါပေမယ့် ဒီ နည်းပညာ လုပ်ဆောင် ပေးနေ တဲ့ အဖွဲ့အစည်းတွေ အဆိုအရ တရားဝင် သေတာ နဲ့ အမှန်တကယ် သေတာ မတူပါဘူး။ အမှန် တကယ် သေဆုံးခြင်း ဟာ ဦးနှောက် အလုပ်လုပ်မှု ရပ်တန့် သွား မှ ဖြစ်ပေါ်ပါတယ်။
ဦးနှောက် Cell တချို့ဟာ နှလုံးခုန် ရပ်တန့်သွားတဲ့ နောက်မှာတောင် အလုပ် လုပ်နေ ဆဲပါ။ ဒါကြောင့် CPR နဲ့ နှလုံး ရှော့ရိုက် စက်လို မျိုး ပစ္စည်းတွေ က ပြန်လည် အသက် ရှင်လာ အောင် ပြုလုပ် နိုင်ခြင်း ပါ။
Cryonics နည်းပညာ က ဒီလိုမျိုး တချို့သော cell များ ကို အလုပ် လုပ်နိုင် စေတဲ့ အခြေအနေ မှာ ထားရှိ နိုင်မှာ ပါတဲ့။ ဒီနည်း နဲ့ သီအိုရီ အရ တချိန်ချိန် မှာ ပြန်လည် ရှင်သန် နိုင်စေ မှာ ပါတဲ့။
တကယ် လို့ Cryogenics လုပ်မယ် ဆိုရင် သင် "တရားဝင်"သေဆုံး ပြီ ဆိုတာ နဲ့ သင် လက်မှတ် ထိုးထား တဲ့ Company ( ဥပမာ- Alcor Life Extension Foundation ) က သင့်ကို ချက်ချင်း လက်လွှဲ ယူပါ လိမ့်မယ်။
သင့် ဦးနှောက် နဲ့ ခန္ဓာကိုယ် ကို အောက်ဆီဂျင် နဲ့ သွေးလည်ပတ်မှု တစ်ခု ဆက်လက် ထောက်ပံ့ ပေးထားပါ လိမ့်မယ်။ပြီးတော့ သင့် ကို သွေး မခဲ တဲ့ ဆေးရည် ထိုးသွင်း ပေးပြီး ရေခဲ ရိုက်ကာ အအေးလွန် ထိန်းသိမ်း မယ့် နေရာဆီ ခေါ်သွား ပါ လိမ့်မယ်။ ဒီနောက် တကယ် အေးခဲမှု စတင် ပါပြီ။
Cryoprotectant လို့ခေါ်တဲ့ Glycerol အရောအနှော နဲ့ ပြုလုပ် ထားတဲ့ အရည် ဟာ သင့် ခန္ဓာကိုယ် က tissue တွေ ကို အေးတောင့်ပြီး မပျက်ဆီး သွားအောင် ကာကွယ် ထားပါ လိမ့်မယ်။ Cell တွေ ဟာ အအေးဒဏ်ကြောင့် ခဲခြောက် ပျက်စီးသွားခြင်း မရှိနိုင် တော့ပါ။
နောက်တော့ Dry Ice လို့ခေါ်တဲ့ ရေခဲခြောက် နဲ့ သင့် ခန္ဓာကိုယ် အပူချိန် ကို -၂၀၂ ဖာရင်ဟိုက် အထိ လျှော့ချ လိုက်ပါ လိမ့်မယ်။ နောက်တော့ သင့် ခန္ဓာကိုယ် ကို -၃၂၀ ဖာရင်ဟိုက် ရှိတဲ့ Nitrogen အရည်ထဲ မှာ စိမ်ထားလိုက် ပါ တော့တယ်။
ဒီလို မျိုး သင့် ခန္ဓာကိုယ် ကို အအေးလွန် ထိန်းသိမ်း ထားချင် ပါသလား။ ခန္ဓာကိုယ် တစ်ခုစာ ကို ဒေါ်လာ ၂ သိန်း ဝန်းကျင် ရှိပါ တယ်တဲ့။ ဒီနေ့အထိတော့ ပြန်ရှင် လာတဲ့ သူ မရှိသေး ပါဘူး။ ဒါပေမယ့် သဘာဝ မှာတော့ ဆောင်းတွင်း ရောက်ရင် အေးခဲ သွားပြီး နွေရောက် မှ ရေခဲတွေ အရည်ပျော် ရင်း ပြန်ရှင် လာတဲ့ ဖား လိုသတ္တဝါ မျိုးတွေ ရှိ ပါတယ်။
ဒီ တချို့ဖား လို အကောင်တွေ မှာ ခန္ဓာကိုယ် က အေးခဲ သွားရင်တောင် အထဲ က Cell တွေက Protein ဓာတ် တစ်မျိုး ကို ထုတ်ပေးပြီး အကာအကွယ် လုပ်ထား နိုင် ပါတယ်။ ပြီးတော့ လက်ရှိ မှာ မ မျိုးဥ ကို နှစ်ပေါင်းများစွာ အေးခဲ ထိန်းသိမ်းထား နိုင်ပြီး ကိုယ်ဝန်ဆောင် ချင်တဲ့ အချိန် ရောက် မှ သားအိမ်ထဲ ပြန်လည် ထည့်သွင်း နိုင်တဲ့ နည်းပညာ တွေ ဖြစ်ထွန်း နေပါ ပြီ။
တချို့သော Cryobiologists တွေ ကတော့ အအေးလွန် ထိန်းသိမ်းခြင်း နည်းပညာ ဟာ ၂၀၄၅ လောက် မှာ ပြန်လည် ရှင်သန်မှု ကို ဆောင်ကြဉ်း ပေးနိုင် မယ်လို့ မျှော်လင့်ချက် ရှိကြ ပါတယ်။
Ref- zabit.com
ATPO