ဒီဇင်ဘာ လဆန်းပိုင်းမှာ bitcoin ဈေးတွေထိုးတက်ခဲ့တာ အမြင့်ဆုံး ဒေါ်လာ ၂၀၀၀၀ ကျော်အထိပေါက်ခဲ့တယ်....
ဒါပေမယ့် ရက်ပိုင်းပါပဲ
ဒီဇင်ဘာနောက်ဆုံးပတ်ကနေဈေးတွေထိုးကျလာလိုက်တာ အခုဆိုရင် ဒေါ်လာ ၁၀၀၀၀ အောက်ကိုရောက်သွားပါပြီ...
အဓိက အကြောင်းအရင်းတွေကတော့
( ၁ ) တရုတ်က crypto curriency တွေကို မြေလှန်၍ ban ခြင်း၊
( ၂ ) ကိုရီးယားစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက crypto exchange တွေကို စီးနင်းစုံစမ်းခြင်း
တို့က အဓိက အချက်တွေလို့ဆိုကြတယ်။
Photo- Screenshot
ဇန်နဝါရီနောက်ဆုံးပတ်မှာ အခြေအနေလေးတွေပြန်တည်ငြိမ်လို့ bitcoin ဈေးတက်ရိပ်ပြရုံရှိသေး....ဟော ပြီးခဲ့တဲ့အင်္ဂါနေ့မှာ facebook ကကြေငြာချက်တစ်ခုထွက်လာတယ်ဆိုတယ်...
ဘာလဲဆိုတော့....
Bitcoin ကအစ Crypto Curriency ထုတ်တဲ့အဖွဲ့အစည်းတွေကို အယုံအကြည်မရှိသေးလို့
Crypto Ads မှန်သမျှ facebook မှာ ပိတ်ပါတော့မယ်တဲ့...
ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ မှန်မှန်ကန်ကန်နဲ့ ယုံကြည်စိတ်ချရလောက်တဲ့ crypto related business တွေကိုတော့ ပြန်ဖွင့်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်....
Photo - Google
လောလောဆယ်တော့
bitcoin နဲ့ crypto currency တွေဟာ ကြီးမားပြင်းထန်တဲ့ဖိအားတွေအောက်က လူးကာလိမ့်ကာ နဲ့ အသည်းအသန်ရုန်းကန်လှုပ်ရှားနေရဆဲပါပဲ...