ကဲ----အခု ကျွန်တော်တို့ ''Paper Wallet'' တစ်ခု ကျွန်တော်တို့ကိုယ်တိုင် စတင်ပြုလုပ်ကြည့်ပါမယ်။
ပထမဦးဆုံး '' https://walletgenerator.net ''ကို သွားပါမယ်။ကျွန်တော်ကတော့ chrome browser သုံးတယ်ဗျ။တခြား browser တွေနဲ့လည်း အဆင်ပြေမှာပါ။'' https://walletgenerator.net '' ကိုရောက်သွားရင် ပုံထဲမှာအတိုင်းတွေ့ရပါမယ်။
ဒီ ဆိုဒ်မှာ ''Crypto Currencies'' အမျိုးအစားပေါင်း 197 မျိုးရဲ့ ''Paper Wallet'' တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ကျွန်တော်ကတော့ ''Transaction Fee'' သက်သာတဲ့ ''Doge Coin'' နဲ့ ''Paper Wallet'' တစ်ခု လက်တွေ့ လုပ်ဆောင်ပြပါမယ်။ပုံတစ်ပုံချင်းစီကို ကြည့်ပေးပါ။ပုံထဲမှာ စာနဲ့တကွ ရှင်းပြထားပါတယ်။
ဒီနေရာမှာ မေးစရာရှိတာက printer မရှိတဲ့သူတွေရော ''Paper Wallet'' အသုံးပြုလို့ အဆင်ပြေပါ့မလား?ဆိုင်သွားပြီး print ထုတ်ရင် ဆိုင်က ခိုးယူထားလို့မရနိုင်ဘူးလား ဆိုတဲ့ မေးခွန်းပါ။
အဖြေကတော့ ကျွန်တော်တို့လို android phone ပဲသုံးနိုင်တဲ့ သာမန် user တွေလည်း ''Paper Wallet'' အသုံးပြုလို့ အဆင်ပြေပါတယ် ခင်ဗျ။အရေးကြီးတာက ''Paper Wallet'' ရဲ့ ''Private Key'' မပျောက်ပျက်၊မဆုံးရှုံးဖို့ပဲဖြစ်ပါတယ်။''Public Address'' က အရေးမကြီးပါဘူး။''Public Address''က ''Paper Wallet'' ထဲကို ငွေထည့်သွင်းတဲ့အခါမှာပဲ သုံးရတာပါ။''Paper Wallet'' ထဲက ငွေပြန်ထုတ်ဖို့အတွက် ''Private Key'' က မဖြစ်မနေလိုအပ်ပါတယ်။''Private Key'' မရှိရင် ''Paper Wallet'' ထဲကငွေတွေကို အလှကြည့်နေရုံကလွဲပြီး ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ဒါ့ကြောင့် ''Private Key'' ကို လုံလုံခြုံခြုံသိမ်းဆည်းထားဖို့ ကျွန်တော်မကြာခဏ သတိပေးနေရတာပဲ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ အလွယ်တကူ ''Note'' ထဲမှာပဲ မှတ်ထားလိုက်ပါတယ်။
ဘော်ဒါတို့ သုံးမယ်ဆိုရင်တော့ screen shot ရိုက်၊encrypt လုပ်၊လုံခြုံစိတ်ချရတဲ့ cloud တစ်ခုပေါ်မှာ သိမ်းထားပေါ့။ဒါအပြင် အလွယ်တကူ မပျောက်ရှနိုင်တဲ့ ဗလာစာအုပ်တစ်အုပ်ထဲမှာလည်း သေချာရေးကူးပြီး မှတ်ထားဖို့ လိုပါတယ်။ဖုန်းထဲမှာ ''Paper Wallet'' ကို ခြေရာခံနိုင်မယ့် screen shot တွေ၊note တွေ အကုန် delete လုပ်ပါ။browser ကိုလည်း clear data လုပ်ပါ။ဒါဆိုရင်တော့ ဘော်ဒါတို့ရဲ့ ''Paper Wallet'' ကို access လုပ်နိုင်ဖို့ဟာ cloud ပေါ်မှာ သိမ်းထားတဲ့ encrypted file နဲ့ ဗလာစာအုပ်ထဲမှတ်ထားတဲ့ စာတွေပဲရှိပါတော့မယ်။အခုဆိုရင်တော့ (ကျွန်တော့်အထင်)99%လောက် လုံခြုံမှုရှိတဲ့ ''Paper Wallet'' တစ်ခုကို ရရှိပါပြီ။
အပိုင်း ၃ ကို ဆက်လက်အားပေးကြပါဦး ခင်ဗျာ။