မြန်မာဘာသားစကားကို အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ ပိုစ့်တွေကို အသိအမှတ်ပြုပေးဖို့ ဆုကြေး ချီးမြှင့်ပေးဖို့
က လုပ်ဆောင်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
လက်ရွေးစင် စာမူများ

Author: 
လူတိုင်း သိပါစေ
ဒီ ပိုစ့် ပိုင်ရှင်က တော့ ဘာရေးရေး အင်နဲ့ အားနဲ့ ရေးတတ်သူ တစ်ယောက်ပါ။ အင်နဲ့ အားနဲ့ ရေးတော့ စာဖတ်သူက တစ်ဝကြီး ဖတ်ရတာပေါ့ဗျာ။ အခုလည်း စာရေးသူ အနေနဲ့ လေ့လာသိရှိထားတဲ့ အကျိုးရှိ နည်းလမ်းကောင်း ကို မျှဝေ ထားပြန်ပါတယ်။ နည်းလမ်း ဟောင်း များကို ဘယ်လို အကျိုးရှိရှိ အသုံးချ သင့်လည်း ဆိုတာကို သာဓက အမျိုးမျိုး နဲ့ ရှင်းပြထားတာ တွေ့ရပါလိမ့်မယ်ဗျ။ တကယ် အကျိုးရှိတဲ့ နည်းလမ်း လေး ဖြစ်ပါတယ်။
ဒီနည်းလမ်းကို ကျင့်သုံးပြီး အောင်မြင်ကြတဲ့သူတွေ ကမ္ဘာမှာ အများအပြားရှိတယ်လို့ ဆိုကြပါတယ်။ လက်တွေ့လိုက်နာကျင့်သုံးတာက အလွန်အရေးကြီးပါတယ်။ နည်းလမ်းတွေ စည်းကမ်းတွေ အညွှန်းတွေ အခြားအရာတွေ လက်ထဲမှာ ဘယ်လောက်ပဲ ဆုပ်ကိုင်ထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်ပြီး မလုပ်ဆောင်ဘူးဆိုရင်တော့ ဘာမှ ဘာမှ ဘာမှ ဖြစ်လာလိမ့်မယ်မဟုတ်ပါဘူး။ ဒီတော့ ဘယ်အရာကိုမဆို အောင်မြင်ဖို့အတွက်က လက်တွေ့လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်မှုမပါတဲ့ အရာတွေက အောင်မြင်မှုကို ယူဆောင် ပေးလိမ့်မယ်မဟုတ်ပါဘူး။ ဒီတော့ အောင်မြင်ချင်ရင် အောင်မြင်မှုရဲ့ စည်းကမ်းတွေ နည်းလမ်းတွေ လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ဖို့ပါပဲ။
Author: 
ကျွန်တော့်ရဲ့ဖြစ်ပုံ
ဒီပိုစ့်လေးက ဘာမှတော့ ထွေထွေ ထူးထူး ရေးဖွဲ့ပြထားတာ မရှိပေမယ့် ရသ တစ်ခုကို ပေးစွမ်းပါတယ်။ စာရေးသူရဲ့ စတီးမစ် အတွေ့အကြုံ အချို့ ကို ပေါ့ပေါ့ပါးပါး ဝေမျှ ထားတာပါ။ အားကျ စရာတွေ ပါဝင်သလို အခက်အခဲ တွေ ကျော်လွှား သွားပုံက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အောင်မြင်တဲ့ အပိုင်းကို ဖတ်မိတော့ စာရေးသူနဲ့ အတူ ပျော်ရပါတယ်။ စိတ်ညစ် ရတဲ့ အပိုင်း ကျပြန်တော့လည်း အတူတူ စိတ်ညစ် မိပြန်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့က ခရီး တစ်ခု အတူသွားနေကြလို့ ပါ။
Steemit ကနေ အစွယ်အပွား Token တွေ ထွက်လာတော့လည်း Free ရသမျှ ယူမိပါရဲ့ဗျာ... ထင်မထားဘဲ Token တွေ သောင်းချီ ရလိုက်ပြီး အကျိုးတစ်စုံတစ်ရာ ရခဲ့တာကတော့ Hunt Token ပါပဲ။
အကျိုးအမြတ်လေး ခံစားရအောင် ဆိုပြီး 5000 လောက် ထုတ်ရောင်းလိုက်ပါတယ်...
Hunt ထုတ်မယ်ဆိုတော့လည်း လွယ်လွယ်တော့ မဟုတ်... Metamask ဖွင့်ရသေး... ဒါတင်ပဲလား မဟုတ်...
Metamask ကနေ ဝယ်တဲ့သူဆီ လွှဲဖို့ကြတော့ Eth လိုပြန်ရော... Eth ကလည်း Trade မထားဖူးဘူး။
တော်ပါသေးရဲ့ဗျာ... လွန်ခဲ့တဲ့ နှစ်တုန်းက Eth spiner လှည့်ထားတာလေး Coinbase ထဲမှ ရှိနေလို့...
Author: 
လောဘသားကောင်တွေ ဘယ်လောက်များလဲ
စာရေးသူက အဆုံးမရှိတဲ့ လူ့ လောဘ ကြောင့် မဖြစ်သင့်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာတတ်ကြောင်း သူ၏ မိတ်ဆွေ မိသားစု ဖြစ်ရပ် လေးကို ပမာပြု ရေးသား ဖော်ပြ ထားပါတယ်။ ၂ လုံးထီ ၃ လုံးထီ များ အန္တရာယ်ကို စာရေးသူက မိတ်ဆွေကောင်း ပီသစွာ သတိပေးသော်လည်း လိုက်နာမှု မရှိခဲ့ပါ။ ငွေကြေးကို တန်ဖိုးထား စနစ်တကျ မသုံးခဲ့တော့ ငွေကြေးရဲ့ တန်ပြန် ဒဏ်ခတ်ခြင်းကို ခံရပေတော့သည်။ ဒီပိုစ့်ဟာ ငွေကို စနစ်တကျ မသုံးဘဲ နေလျှင်သော် လည်းကောင်း၊ လောဘ တကြီးနဲ့ လောင်းကစား နောက် သို့ လိုက်မိလျှင် သော်လည်းကောင်း နောက်ဆုံး မှာ ရလာဒ် ကောင်း ရရှိဖို့ ခက်ခဲကြောင်း ပြောပြထားတဲ့ ပိုစ့်ကောင်း တစ်ခုပါပဲ။
ကျွန်တော် က မိတ်ဆွေဇနီးအား နှစ်လုံးမထိုးပဲ နှစ်လုံးထိုးသည့်ငွေကို ဘဏ်မှာစုထားရန်ပြော သည်။ အငယ်ကောင်က အခု သူငယ်တန်း
တက်နေသည်။ နှစ်လုံးထိုးမည့်ငွေကို တစ်လ
ငါးသောင်းနှုန်းဖြင့် ဘဏ်သို့ စုဆောင်းရန်ပြော
ပါသည်။ သူတို့ ဇနီးမောင်နှံ၏ လောင်းကစား
ထိုးကြေးငွေမှာ တစ်နေ့ ၂သောင်း ၃သောင်းခန့်
ရှိသည်။ အငယ်ကောင်လေး ၅တန်းရောက်လျှင်
လပေါင်း ၆၀ အတွက် ငွေသိန်း၃၀ စုမိမည်။
ထိုငွေဖြင့် ငွေထပ်စိုက်၍ အလှူပေးနိုင်မည်။
စုထားသောငွေအား လုံးဝ မထုတ်ရန်ပြောရသည်။
မိမိတို့ ပေးပိုင်ခွင့်ရှိတဲ့ နေရာ ၃၀ ထဲမှာ လစ်လပ်နေသေးရင်
ဒီပိုစ့်ကနေ ရရှိမည့် ဆုကြေးတွေ အကုန်လုံးကို C2 Myanmar Curation အဖွဲ့က လက်ခံသွားမှာ ဖြစ်ပါတယ်။
All rewards from this post will directly go to C2 Myanmar Curation team.