cpuchain က coinmarketcap မှာ rank 1823 ရှိနေပါတယ် cpuchain က proof of work coin ဖြစ်ပြီး cpu နဲ့ mine လို့ရတဲ့ coin ဖြစ်ပါတယ် asic resistant ဖြစ်ပါတယ် asic miner နဲ့ mine လည်း ဘာမှ ထူးထူးခြားခြား ပိုမရပါဘူး လက်ရှိ ပေါက်စျေးက USD 0.001875 ဖြစ်ပြီး bitcoin နဲ့ဆို 20 satoshi လောက်ပဲ ရှိပါတယ် ဒီ coin က ကျွန်တော်နဲ့ အသင့်တော်ဆုံး coin ပါ ဘာကြောင့်လဲဆိုတော့ coin ကို mine ဖို့ gpu တောင် မလိုပါဘူး gpu ကလည်း cuda ထောက်ပံ့မှုရှိတဲ့ gpu 4GB လောက်ဆို MMK 150 000 လောက် ဝန်းကျင် ပေးရပါတယ် တခြားဘာ coin ကို mine သည်ဖြစ်စေ ဒီလောက်စျေး ပေးရတဲ့ gpu နဲ့မှ mine လို့ ရမှာပါ အဲဒီ gpu ဝယ်မယ်ဆို မတတ်လည်း မတတ်နိုင်သလို မတန်လည်းမတန်ပါဘူး ပြန်ရမယ့် ငွေနဲ့ တွက်ကြည့်ရင်ပေါ့ ဒီတော့ cpuchain coin ပဲ ကျွန်တော် လောလောဆယ် mine ပါတယ်။ ကွန်ပျူတာမှာက cpu က မပါမဖြစ် ပါပြီးသား မဟုတ်လား နောက်ထပ် gpu ဝယ်စရာ မလိုဘူးလေ ကျွန်တော် mine ပုံ mine နည်းလေး သိချင်ရင် နောက် post တွေကျ ပြောပြပါဦးမယ် ကျေးဇူးတင်ပါတယ် ဗဟုသုတလေး နှမ်းစေ့လောက် ရခဲ့သည်ရှိသော် upvote ပေးခဲ့ကြပါ ကျွန်တော် စာရေးရတာ အားဖြစ်ပါတယ်