Man U ကစားသမားတွေက PSG ကို နိုင်တဲ့ Champion League round of 16 ရှုံးထွက်ပွဲ အပြီး လေယာဥ်နဲ့ အပြန်လမ်းမှာ uno ကဒ်ဂိမ်း ကစားသူက ကစားပြီး သီချင်းနားထောင်သူက နားထောင်ခဲ့ကြပါတယ်။ သူတို့ဟာ ပွဲအပြီး အဝတ်လဲခန်းထဲမှာ လူစုံတက်စုံနဲ့ အောင်ပွဲခံခဲ့ကြတယ်။ Man U ရဲ့ legend နည်းပြဖြစ်တဲ့ Sir Alex Ferguson လည်း အဝတ်လဲခန်းထဲ လာရောက်ကာ အတူတကွ အောင်ပွဲခံခဲ့ကြတယ်။ ဒါပေမဲ့ ပဲရစ်မှာ ပါတီပွဲ ကျင်းပပြီး သောက်စားခဲ့ကြခြင်း မရှိသလို အပြန် လေယာဥ်ပေါ်မှာလည်း uno ကဒ်ဂိမ်းကစားပြီး နေခဲ့ကြပါတယ်တဲ့