ဒါကတော့ ပထမဦးဆုံး မြန်မာ gang ဖြစ်ပါတယ်။ @Bobokyaw ကတည်ထောင်ထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဖွဲ့ဝင်လေးယောက်ပဲ ရှိပါသေးတယ်။
Gang နာမည်ကတော့ mm7 ဖြစ်ပါတယ်။ ခုနှစ်ယောက်ပဲ လက်ခံမယ်နဲ့တူပါတယ်။
Gang တစ်ခု ကိုယ့်ဘာသာကို ထောင်လို့လဲ ရပါတယ်။ ကုန်ကြမ်း တစ်မျိုးစီကို 250 K စီ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ထောင်ပြီးသားgang တွေကို ဝင်ရော က်ပူးပေါင်းလို့ရပါတယ်။
တစ်ကယ်လို့ ပူးပေါင်းချင်တယ်ဆိုရင်တော့ Apply as soldier ရဲ့ အောက် နေရာမှာ ကိုယ်ဘာကြောင့်ပူးပေါင်းချင်သလဲ ဆိုတာကို ရေးပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ apply ကို နှိပ်လိုက်ပါ။ သူ့ အဖွဲ့မှာ လက်ခံမခံကတော့ ဂိုဏ်းခေါင်းဆောင်ရဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘာမှ မရေးပဲနဲ့လဲ လျှောက်လို့ရပါတယ်။ အပြင်မှာ ပြောပြီးရင်တော့ ဘာမှရေးဖို့ မလိုပါဘူး။
Gang ထောင်ရတဲ့ ရည်ရွက်ချက်ကတော့ တစ်ယောက်ကို တစ်ယောက် အကူအညီပေးဖို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကကိုယ့်ကိုလာတိုက်ခိုက်ရင် ညီညီညွှတ်ညွှတ်ပြန်တိုက်လို့ရပါတယ်။ ဒါမှမဟုတ်ရင်လဲ အဖွဲ့ဝင်တွေကြားမှာ ကုန်ကြမ်းတွေကို မျှဝေလို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သတင်းအချက်အလက်တွေကို မျှဝေလို့ရပါတယ်။
တစ်ယောက်ကို တစ်ယောက် ကူညီပေးလို့ရပါတယ်။ သူ့ရဲ့ ကောင်းကျိုးတွေကတော့ အများကြီးပါ။ စိတ်ကူးတူညီတဲ့ သူတွေအကြားမှာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြရင် ပိုမိုအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ Steemit မှာ အောင်မြင်ကျစေဖို့ ဆုတောင်းပေးရင်းနဲ့ နိဂုံးချုပ်လို့ပါတယ်။ နိဂုံးမချုပ်ခင်မှာတော့ drugwars က battle တွေကို steemit ကို ရှယ်လို့မရဘူးဖြစ်နေပါတယ်။ ရှယ်လို့ရရင်လဲ လက်တို့ပေးကြပါဦး။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=99