https://pixabay.com/photos/boxing-winner-looser-sport-fighter-555735/
အပူအပင်ကင်းတဲ့လူရယ်လို့မရှိဘူးနော် စိတ်ဆင်းရဲစရာ စိတ်ညစ်စရာတွေက လူတိုင်းရှိမှာပါဘဲ အခက်အခဲတွေကနေ ရှောင်ပြေးလိုက်ချင်ပါတယ် အခက်အခဲက လူတွေကို ပိုပြီးသန်မာလာစေတယ်တဲ့ ဒါပေမယ့်လေ အဲ့သလို သန်မာလာမယ် မသန်မာလာဘူးဆိုတာတော့ သေချာမသိဘူး အခက်အခဲတွေနဲ့ ကြုံတဲ့အခါ လူက အားငယ်စိတ်တွေ စိတ်ညစ်စရာတွေနဲ့ လောကထဲက ထွက်သွားလိုက်ချင်တာပါဘဲ လောကအလယ်မှာရှင်သန်ရတာက အဆင်မပြေမှုတွေကြား နေထိုင်လို့ မပျော်ရွှင်ပါဘူး လောကမှာ ပျော်ရွှင်စရာတွေချည့်မရှိဘူးဆိုတာ နားလည်ပေမယ့် အဆင်မပြေခြင်းတွေက ကာလ ရှည်ကြာလာတဲ့အခါ ပျော်ရွှင်မှုတွေ ပျောက်နေတဲအခါ လောက က နေချင်စရာမကောင်းတော့ပါဘူး
စိတ်ချမ်းသာအောင် နေနိုင်ဖို့ဆိုတာကလည်း ကြိုတင်ပြင်ဆင်ထားရမယ့်အရာပါဘဲ စိတ်မချမ်းသာစရာတွေကို မွေးမြူထားတာမဟုတ်သော်လည်း အကျိုးအကြောင်းတွေက တိုက်ဆိုင်လာတဲ့အခါ ကိုယ့်ဘဝထဲကို ရောက်လို့လာတော့တာပါဘဲ ခံစားချက်တွေက ဘယ်ကလာသလဲ အတွေးကလာတယ် အတွေးတွေကနေတစ်ဆင့် စိတ်မချမ်းသာစရာတွေ ဖြစ်လာတာလည်းမဟုတ်ပါဘူး ရှင်သန်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်ကနေဘဲ ရိုက်ခက်လာတာပါ အားလုံးကို ပြောင်းလဲဖို့ဆိုရင်တေ အဝေးတစ်နေရာကို ထွက်သွားဖို့လိုလာပြီဆိုတာပါဘဲ
တစ်ချို့က လောကကို စိတ်ကုန်ရင် လောကထဲမှာ မနေချင်တော့ရင် သေဆုံးခြင်းကို ရွေးချယ်ကြတယ် သူတို့ ဘယ်လို စိတ်နဲ့ ရွေးချယ်လိုက်တယ်တော့မသိဘူး သက်သေဖို့ဆိုတာကတော့ အတော်ကို မလွယ်တဲ့အလုပ်ပါ သက်သေတာလောက် လောကမှာ ရုပ်ဆိုးတာမရှိဘူး စိတ်ညစ်စရာလေးတွေအတွက်နဲ့ သက်သေမနေဘူးလေနော
လောကဆိုတာ အလှည့်အပြောင်းတွေ နဲ့ လှည့်ပါတ်နေတာ စက်ဝိုင်းလိုဘဲ အပေါ်ရောက်လိုက် အောက်ရောက်လိုက်ဘဲ
အပေါ်ရောက်နေချိန် ပျော်ရွှင်ဘဝမေ့နေပြီး အောက်ရောက်ချိန်မှ စိတ်ညစ်လို့ ထွက်ပေါက်ရှာတာကို သက်သေတာတော့ စိတ်ပျက်ပါတယ် အဲ့လမ်းတော့မရွေးဘူး
စိတ်ညစ်တယ် စိတ်ညစ်တာကို တိုက်ဖျက်ဖို့ ရွေးချည်ရမယ် ပြော င်းလဲခြင်းကို ရွေးမှာပါ ပြောင်းလဲလိုက်မယ် အတွေးအခေါ်တွေ လုပ်ဆောင်ချက်တွေ ပြော င်းလိုက်မယ်
အပေါင်းအသင်းတွေ အလုပ်တွေလည်း ပြောငး်လိုက်မယ် သံယောဇဉ်တွေကို တွယ်ဖက်ထားမနေပါဘူးလေ
စိတ်ဓါတ်လေးတော့ ကျသွားလို့မရဘူး ကိုယ်ပိုင်တာ စိတ်ဓါတ်လေး တစ်ခုဘဲရှိတယ်လေ စိတ်ညစ်စရာတွေကို တွန်းလှန်နိုင်ဖို့တ စ်ခုတည်းသော လက်နက်ပါဘဲ
အခက်အခဲတွေ ကြုံလာတဲ့အခါ စိတ်ဓါတ်လေးကို မြှင့်တင်ထားရပါလိမ့်မယ်
စိတ်လေးကို အေးချမ်းခွင့်လေးပေးပြီး တည်ငြိမ်အောင်အရင်လုပ်ရပါတော့မယ်
အခက်အခဲတွေ စိန်ခေါ်မှုတွေက အသင့်စောင့်လိုကြိုနေပြီလေ