အရာရာဟာ အမြဲအဆင်မပြေပါဘူး စိတ်ပျက်စရာတွေ စိတ်ညစ်စရာတွေနဲ့လည်း တို့တွေ ကြုံကြရမှာပါဘဲ ချစ်သူရေ ဘယ်လောက်ဘဲ ခက်ခဲနေပါစေ ငါတို့ အတူတူ ရင်ဆိုင်ဖြတ်သန်းကြမယ်လေနော် တစ်ချို့ နေ့ရက်တွေက ပျော်စရာကောင်းချင်ကောင်းလိမ့်မယ် တစ်ချို့ နေ့စွဲတွေကတော့ ရုပ်ဆိုး ကျည်းတန်လိမ့်မယ် ဘယ်လို ဖြစ်ဖြစ်ပါစေ တို့အတူတူ မခွဲတမ်း သွားကြရအောင်ပါနော် လက်တွဲမဖြုတ်ကြေးပေါ့ ချစ်သူရေ
အလှည့်အပြောင်းတွေများလွန်းလှတဲ့နေ့ရက်တွေနဲ့အတူ အကောင်းအဆိုးတွေကို ရင်ဆိုင်ကြရမယ်လေ အချိုးအကွေ့တွေနဲ့ ပြည့်နှက်နေတဲ့ နေ့တွေဟာ ဘဝလမး်တစ်လျှောက် ကြုံကြရမှာပါဘဲ
တစ်ခါတရံမှာ လွမ်းရတဲ့အခါတွေလည်းရျိမယ်ဒါပေမယ့် ကျေနပ်လက်ခံပြီး လွမ်းကြရအောင်ပါ ကြည်နူးစရာကောင်းတဲ့ လွမ်းမောဖွယ် နေ့တွေမှာလည်း အတူတူပျော်ကြရအောင်ချစ်သူလေးရေ
ဘာမှကို မျှော်လင့်စရာမရှိတဲ့ နေ့ရက်တွေကို ကြုံဆုံလာရင်လည်း ဒီအတိုင်းတော့ လက်မလျှော့နိုင်ပါဘူး ရင်ဆိုင်ဖို့ အားတင်ကြရမယ်လေ
သုံးစရာမရှိအောင် ဘိုင်ပြတ်တဲ့အချိန်တွေကြုံလာလဲ စိတ်အားမငယ်နဲ့ အတူတူ ငတ်ကြရမှာပေါ့ ချစ်သူရေ အေးတူပူအမျှပေါ့ ဟုတ်တယ်မလား
ဘယ်လို ဖြစ်ဖြစ် အတူတူလို့ ပြောထားပြီးသားဘဲလေ
မျှော်လင့်ချက် အိမ်မက်တွေကို အတူတူ အကောင်အထည်ဖေါ်ကြမယ်လေ
အစစ အရာရာကို အသစ်ကနေ ဖြည်းဖြည်းချင်း တည်ဆောက်သွားမယ်လေ
စိတ်မပျက်နောက်မဆုတ်ကြေး လက်တွဲမဖြုတ်ကြေးပေါ့ ချစ်သူရေ