သူများတွေ စာပြန်ရေးနေတာတွေ့တော့ ကိုယ်လည်း ရေးချင်လာတယ် စာမရေးတာ က အရင်လို အဆင်မပြေဘူးထင်လို့လေ အခုက အဆင်ပြေတယ် ကြားတာဘဲ ဘယ်လို အဆင်ပြေကြတယ်တော့ မသိပါဘူး
အရင်တုန်းကတော့ ဂိမ်းတွေကစားရတယ် ကိုယ်လည်း ဂိမ်းကစားတာပါ ဂိမ်းကစားပီး ဝင်ငွေရှာတာ သဘောကျတယ်လေ ဂိမ်းက ကစားလို့လည်း မကောင်းတဲ့အခါ စာလည်း မရေးဖြစ်တော့တာ
ဂိမ်းလေးကစားလိုက် စာလေးရေးလိုက်နဲ့ အရင်က အရမ်းအဆင်ပြေတာဘဲ
အခုလည်း ဂိမ်းကစားလို့ရမလား ကြည့်နေတာ အရင်ကလိုလည်း မဟုတ်တော့ဘူး အားလုံးက အသစ်အဆန်းတွေဖြစ်နေတယ်
လိုက်မမှီတော့ပါဘူးနော်
စာရေးတာလေးကနေ အဆင်ပြေမလားတော့မသိ စမ်းပီးရေးကြည့်တာဘဲ အဆင်ပြေရင်တော့ ဆက်ရေးမှာပါ အဆင်မပြေရင်တော့ မရေးတော့ဘူး
အဆက်ပြတ်သွားတော့ လုပ်ချင်စိတ် ရေးချင်စိတ်လည်း အရင်ကလို မရှိတော့ပါ
အသစ် အသစ်တွေ နေ့တိုင်းပေါ်နေတယ် ကိုယ်ကလိုက်မမှီတော့ဘူး
စာရေးတာကတော့ အရင်လို ရေးလို့ရနေသေးလို့ အခုပို့စ်လေးနဲ့
စမ်းပီး ရေးတင်ကြည့်လိုက်တာ အသစ်တွေတော့ နားလည်အောင် ဖြေးဖြေးချင်းပြန် လေ့လာရပါတော့မယ်ကွယ်