စာပြန်ရေးလာတာတော့ သီတင်းတစ်ပါတ်ခန့် ရှိလာပါတယ် အရင်လို နေ့စဉ်နေ့တိုင်း ရက်မပြတ်ရေးနိင်ဖို့တော့ မလွယ်သေးပါဘူး တစ်ရက်သုံးလေးပို့စ်တင်နိုင်အောင် ကြိုးစားဖူးတဲ့ အချိန်တွေကို သတိရမိသေးတယ် သွေးအကြွဆုံးအချိန်တွေလို့ ဆိုရမယ် နေ့ရော ညပါ အားတက်သရော စတီးမစ်ထဲမှာ အချိန်တွေကို ကုန်လွန်နစ်မြုပ်နေခဲ့တဲ့ အချိန်တွေပေါ့ အနာဂါတ်အတွက် စိတ်ကူးတွေကိုယ်စီနဲ့ အိမ်မက်တွေက ခန်းနားလွန်းနေခဲ့ပါတယ် ထင်သလိုဖြစ်မလာတာတော့ ကိုယ်လည်းမတက်နိုင်ပါဘူး လုပ်တော့ လုပ်ခဲ့တာဘဲ အသေအလဲကို လုပ်ခဲ့တာ အသိမကြွယ်သေးတာလည်း အကြောင်းရင်းတစ်ရပ်ပေါ့ ( အံမယ် အခုတော့ အသိတွေကြွယ်နေပီ မှတ်တယ်) မဟုတ်ရပါဘူးလေ အရင်ကထက်တော့ အနည်းငယ် ပိုသိလာသလိုတော့ ရှိစ
အဲဒါ သိပ်တော့ မကောင်းလှပါဘူး အရင်ကဆို တစ်ခုခုလုပ်မယ်ကြံရင် သိပ်ပြီး စဉ်းစားချင့်ချိန်မနေဘူးလေ လုပ်စရာရှိ လုပ်လိုက်တာဘဲ ဘယ်လို ပြောရပါ့ မျက်ကန်း တဆေ မကြောက်သလိုများလားဘဲ အဲ့သလိုဆိုတော့ ကောင်းစရာရှိလည်း လွှတ်ကောင်းသွားတက်တတယ်လေ အခွင့်အရေးကောင်းဆို အပြည့်အဝ ရတက်တယ်
အနည်းငယ် စဉ်းစားကြည့်တက်လာတော့ တစ်ခုခုဆို ချီတုံ ချတုံနဲ့ ဆုံးဖြတ်ချက်ချဖို့ အရေး အင်မတန်တွေဝေနေသလို ဖြ်စလာတယ် အမှားနည်းအောင် ဂရုစိုက်နေပြန်တော့ လည်း ဘာမှကို ရေရာသေချာ မဆုပ်ကိုင်နိုင်တဲ့အထိ မလုပ်ရဲ မလုပ်ဖြစ်တွေ ကြုံလာရပြန်ရော
တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်စရာရှိတာ လုပ်ချလိုက်ဆိုတာ အင်မတန်ကို တာသွားတဲ့ စကားဗျ မနက်ဖန် ဘယ်သူ့သားမက်ဖြ်စဖြစ်ကွာဆိုပြီး ဘုရင့်နောင်ဖေါင်ဖျက် လုပ်ရဲတဲ့ စိတ်အခြေအနေက အပြောင်းအလဲ ကြီးကြီးမားမားတွေ ပေးနိုင်စွမ်းတယ်
သိပ်စဉ်းစားနေတယ် အပိုင်ကြံနေတယ် သေချာတာကို ဆုပ်ကိုင်ချင်နေတယ် အကွက်စေ့အောင် တွက်ချက်နေတယ်ဆိုရင်တော့ နောက်ဆုံးရလာဒ်က ဘာမှကို ဖြစ်မလာတာများပါတယ်
အကွက်စေ့ ဒေါင့်စေ့ တွေးနေရအောင် ကိုယ်လည်း ဆားပုလင်းမဟုတ် ဖြစ်လိုရာဖြစ်စေဆိုတဲ့ စိတ်လေး အနည်းအများတော့ ထားမှ တန်ကာကျတယ်
တစ်ခုခုတော့ ရင်းလိုက်ရတာဘဲ အလကားရတာ ဘာရှိတာမှတ်လို့
အဲ......... စာရေးတဲ့ အကြောင်း ရေးရင်းက ဘယ်တွေတောင် ရောက်ကုန်သည်မသိတော့ လမ်းကလွဲလာပြီ
ပြောချင်တာက ဖြစ်လိုရာဖြစ်စေဆိုတဲ့ စိတ်လေး တစ်ခါတရံ ရင်ထဲပိုက်ပီး အနာဂါတ်ကို မျက်နှာမူတက်ဖို့ အသိတစ်ခု ရလာတယ်ဆိုတာဘဲ အဲ့သလိုစိတ်ထားက မတင်မကျတာတွေ စိုးရိမ်ရတာတွေ နဲ့ မတော်လောဘတွေကို တစ်ခါတည်း အသေသက်ပြီးသား ဖြစ်စေတယ်လေ လွတ်လပ်ပေါ့ပါးခြင်းဆိုတာက ခရီးသွားတိုင်းအတွက် အဆောင်ကောင်းတစ်ခုပါ