ဘယ်လိုဖြစ်တယ်မသိပါ ဒီနေ့ကတော့ စာရိုက်ရတာ အဆင်သိပ်မပြေချင် မောက်က ပျက်ပါလေရော ဟိုကလိ ဒီကလိနဲ့ တစ်မနက်ခင်းကုန်သွားတယ် ကောင်းမလာဘူး ကျောက်လှည့်နဲ့ ထိုးလှည့်ပြီး ကလိတာ လင်းနေတဲ့ မီးလုံးလေးပါ မီးမလင်းတော့ဘူး ဖြစ်သွားပါတယ် အဲ့သလို ကို အဆင်ပြေနေတာပါ ဒီနေ့ စာရိုက်ရမယ်တောင် မထင်တော့ပါဘူး ဘယ်လိုလုပ်ရမလဲ ခေါင်းစားရင်း နောက်ထပ်မောက်တစ်လုံးပြေးဝယ်လိုက်ရပါတယ် ငွေမဝင်ဘဲ ငွေကုန်တဲ့နေ့ပေါ့
link
အရင်ကတည်းက မောက်က ပျက်ချင်နေတာကြာပီ ဒီနေ့မှ လုံးဝပျက်သွားတာပါ အရင်ရက်တွေက ထစ်အ ထစ်အနဲ့ ရွေ့လို့တော့ ရနေသေးတယ် စိတ်ရှည်ရှည်လေး ထားပြီးသုံးနေခဲ့တာ ပေသုံးနေတာပါ တစ်ခါတလေ ရွေ့မရဘဲ ရပ်ရင်ရပ်နေပြန်ရော ဟိုလှုပ်လိုက် ဒီရမ်းလိုက်နဲ့ ပြန်ရတာနဲ့ သုံးပြန်ရော တစ်ခါတရံတော့ ဘယ်မှ ရွေ့မရပြန်ဘူး အဲ့သလိုအခါဆိုရင်တော့ သုံးလေးချက်လောက် ခပ်နာနာ ဆောင့် ပစ်လိုက်တာဘဲ ဒါဆိုသုံးလို့ရသွားတယ် သုံးရတဲ့အခါ သုံးလိုက် ထစ်အထစ်အ ဖြစ်လာရင် ဆောင့်ချလိုက်နဲ့ အုန်း ဒိုင်း အုန်း ဒိုင်း အသံတွေကို ဆူညံလို့ပါဘဲ မသိရင်နွားသက်နေသလိုပါဘဲ
အခုမှသာ လုံးဝသုံးမရတာပါ အရင်ရက်တွေ အဲ့သလိုသုံးရနေပေမယ့် ဒီနေ့ မရတော့ ကလိရင်းကလိရင်းကနေ လုံး၀မရတော့တာ ဘီးလုံးလေးက လှိမ့်လို့ရတယ် ညာကလစ်လဲရတည် ဘယ်ကလစ်လဲရတယ် မီးလဲလင်းတယ် ရွေ့မရတာ တစ်ခုတည်း အဲ့သလိုနဲ့ စမ်းရင်းစမ်းရင်းကနေ မောက်ကို ပက်လက်လှန် ပြီး ရွေ့ရင်ရနေပြန်ရော ခက်တော့ခက်နေပါပြီ ပက်လက်လှန်မှရတော့ ဘယ်လိုသုံးမလဲ စိတ်တွေကို ညစ်ရပါတယ်
နောက်ဆုံးကျောက်လှည့်နဲ့ ထိုးကလိလိုက်တာ ပျက်ပါလေရောဗျာ မတက်နိုင်ပါဘူး ကိုယ်လည်း တက်သလောက်တော့ပြင်ကြည့်တာပါ ပြင်ရင်းကနေ ပိုပျက်သွားတော့ စိတ်လည်း ပျက်ရပါတယ်