အချစ်ဆိုတာ လူတိုင်းနဲ့ မကင်းပါ အချစ်မရှိတဲ့သူ မရှိသလို မချစ်တက်တဲ့သူလည်း မရှိပါဘူး အချစ်မခံချင်တဲ့သူရယ်လို့လည်း မတွေ့မိသေးပါ အချစ်သည် လူသားတိုင်းအတွက် အခြခံလိုအပ်ချက်တစ်ခုဖြစ်သည် အချစ်ကြောင့်သာ အရာရာဟာ လှပလို့နေသည် အချစ်ကြောင့်သာ အဆင်ပြေခြင်းတွေ ဖြစ်တည်လာရသည် အချစ်ကြောင့်သာ အရာရာ အဆင်ပြေချောမွေ့နေလေသည် အချစ်သည ထာဝရ လှပလန်းဆန်းနေသော ပန်းတစ်ပွင့်ဖြစ်လေမည်
အချစ်ရေ မင်းကိုယ့်အနားမှာရှိနေမှ မင်းအပေါ်မှာ ခံစားမှုတွေ ချစ်ရနံတွေ သင်းပျံ့နေတာမဟုတ်ရပါဘူး မင်းမရှိနေလည်း ကိုယ့်နှလုံးသားထဲမှာတော့ မင်းရဲ့ ကိုယ်သင်းရနံ့လေးက အမြဲ ထုံသင်းနေဆဲပါ
မင်းကိုတွေ့ခွင့်ရမှ အချစ်က ရှင်သန်နေမယ်လို့ မထင်လိုက်ပါနဲ့ မင်းနဲ့တွေ့ဆုံခွင့် မရချိန်တွေမှာလည်း ကိုယ့်ရင်မျာ အချစ်တွေက ထာဝရရှင်သန်လို့နေတာပါဘဲ
အနေနီးမှ အချစ်လို့ တစ်ချို့တွေ ပြောကြပေမယ့် ကိုယ့်အတွက်တော့ မင်းနဲ့ အနီးဆုံးမှရှိနေခွင့်မရသည့်တိုင် မင်းအပေါ် အချစ်တွေက အနည်းငယ်မျှလျှော့လို့မသွားနိုင်ပါဘူး
မင်းအသံလေး မကြားရသည့်တိုင်အောင် မင်းအပြုံး မင်းဟန် မင်းရယ်သံလွင်လွင်လေးတွေက ကိုယ့်နှလုံးအိမ်မှာ ထာဝရ စွဲထင်နေတုန်းပါဘဲ အတူရှင်သန်နေရတဲ့ နှလုံးအိမ်နဲ့အတူ မင်းကိုချစ်တဲ့အချစ်တွေက အမြဲရှင်သန် နိုးကြားနေဆဲပါ ဝေးနေတုန်းမှာလွမ်းရပေမယ့် အချစ်တွေက အေးစက်မသွားပါဘူးဆိုတာ မင်းကိုသိစေချင်မိတယ် ချစ်သူလေးရယ်