အဆင်ပြေတဲ့ မင်းဘဝလေး မြင်သူတကာငေးလို့ အားကျနေတယ် ရောင်စုံတွေခြယ်တဲ့ နေ့ရက်တွေက လှပနေဆဲ နတ်သမီးလေးအတွက် စံနန်းထက်မှာ တင့်တယ်လို့ရယ်ပါ
ကောင်းမွန်စွာ အနားယူအိပ်စက်ပါချစ်သူ နက်သမီးလေးရေ အိမ်မက်လှလှလေးတွေနဲ့ အေးချမ်းစွာ အိပ်စက်လိုက်ပါ မင်းမအိပ်ခင် သံစဉ်ချိုလေးတွေနဲ့ ကိုယ်က ချော့လို့သိပ်ပါမယ် စိုးရိမ်ကြောင့်ကြကင်းစွာနဲ့ မင်းအိပ်စက်လိုက်ပါချစ်သူ ကိုယ်ကအမြဲ မင်းအနားမှာပါ
အဆင်မပြြေခင်းတွေ ကြုံဆုံလာရင်လည်း မင်း စိတ်မပူပါနဲ့ မင်းအရှေ့မှာ ပြေးလို့ ကိုယ်လေ ဖြေရှင်းရင်ဆိုင်နေမှာပါ အရာရာ လဲကျဆုံးရှုံးချိန်တွေကြုံလာခဲ့လဲ မင်းအားတင်းထားပါ မင်းအနားမှာ အခြားသူတွေ ရှိမနေလဲ ကိုယ်တစ်ယောက်တော့ ကျန်ရှိနေပေးမှာပါ ချစ်သူရေ ကိုယ့်အပေါ် အားကိုးယုံကြည်စွာနဲ့ ရင်ခွင်ထဲ ဝင်လာပုန်းလှည့်ပါချစ်သူရေ ကိုယ်က မင်းအနားအမြဲရှိနေတဲ့ တစ်ယောက်တည်းသော သူပါလေ
ကိုယ့်အတွက်လည်း မင်းတစ်ယောက်ကိုသာ အလိုအပ်ဆုံးရယ်ပါ မင်းအတွက်ဆို အရာရာကို ရင်ဆိုင်ကျော်ဖြတ်မယ် စိတ်မျာ ပိုင်းဖြတ်ထားပီးသား
ဆုလာဘ်လေးတစ်ခုတော့ ပေးလှည့်ပါ ချိုမြမြ မင်းအနမ်းလေး တစ်ပွင့်နဲ့ ရင်ကိုအေးစေသော မင်းအပြုံးလေးကိုပေါ့
နွမ်းနယ်နေလဲ မင်းအပြုံးတစ်ချက်နဲ့တင် အားအင်တွေ ထပ်လောင်းလို့ လန်းဆန်းနေမှာ ဒါတွေဟာလည်း မင်းအတွက်ရယ်ပါ ချစ်သူရယ် ကိုယ်က မင်းရဲ့ အနား ထာဝရ ရှိနေပေးမည့် သူတစ်ယောက်ပါ