နှလုံးသားရဲ့ အကြောင်း ပြောရရင် ပြောမကုန်အောင်ရှိတယ်လေ ရင်ထဲမှာ ခံစားရတာတွေက ပျော်စရာတွေလည်း ရှိမယ် စိတ်ညစ်စရာတွေလည်းရှိတယ် ကြည်နူးစရာတွေလည်းရှိမှာဘဲပေါ့ ကြည်နူးစရာလေးတွေကတော့ ပြန်တွေးကြည့်တိုင်း စိတ်ချမ်းသာရတယ်နော စိတ်ချမ်းသာစရာလေးတွေကိုဘဲ အမြဲတမ်း တွေးကြည့်နေချင်တယ် စိတ်နှလုံးချမ်းမြေ့စရာတွေကိုသာ အစဉ်အမြဲတွေးနေလိုက်ချင်တယ် အချစ်အကြောင်းတော့ နည်းနည်း ပြောချင်တယ် အချစ်က လူကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်
အချစ်နဲ့ပါတ်သက်ရင်တော့ အလွမ်းက စရမယ် လွမ်းတက်ပါတယ် လွမ်းတယ်ပြောတိုင်း မသိစိတ်မှာ သိမ်းဆည်းထားမိတဲ့ စကားလုံးတွေနဲ့ ပုံရိပ်ဟောင်းတွေက ပြန်ပေါ်လာပြန်တယ်လေ
ချစ်သူလေးရေ ကိုယ့်ရင်မှာ မင်းတစ်ယောက်သာ ရှိခဲ့ဖူးတာပါ မင်းကို ရူးမတက်ချစ်နေခဲ့တာ အရာရာခြားနားလည်း ချစ်စိတ်တစ်ခုက မတားဆီးနိုင်ခဲ့ပါ
မဆုံနိုင်ဘူးဆိုတာကို သိနေတယ် ဒါပေမယ့်လေ အကြိမ်ကြိမ်မျှော်လင့်မိပါတယ် အမြဲတမ်းပေါ့
မင်းကတော့ မသိနိုင်ခဲ့ပါဘူး ငါ့လောက်ချစ်တက်တာ ဘယ်သူရှိမှာလဲ ငါမင်းကို သိပ်ချစ်ခဲ့မိပါတယ်
အချစ်က ဆန်းကြယ်တယ်လေ မဆုံနိုင်မှန်းသိနေတာတောင် ရင်ခုန်နေချင်မိတုန်းပါဘဲ
မျှော်လင့်ချင်နေမိတုန်းပါဘဲ မျှော်လင့်တိုင်းလည်း အချစ်တွေက ပြန်ရောက်မလာပါဘူး
မင်းနဲ့ ကိုယ့် ကြားမျာ ခက်ခဲတဲ့ အဆီးအတားတွေက ရှိနေခဲ့ပြီလေ တားဆီးမှုတိုင်းကို ကျော်ဖြတ်ပြီး မင်းအနား အရောက်လာခဲ့ချင်သော်လည်း မလွယ်ကူပါဘူး
တစ်ချို့ အရာတွေက ပြန်ပြင်လို့မှမရတာ ဒီဘ၀အတွက်တော့ ဝေးကြရပါပြီချစ်သူရေ
တကယ်လို့များနောင်ဘဝတွေရှိလာမယ်ဆိုရင် ထပ်မံဆုံတွေ့ချင်ပါသေးတယ်
အခုလိုအဖြစ်မျိုးတော့ မဟုတ်ဘူးလေ ချစ်သူတိုင်းညားတဲ့ ချစ်သူတွေ ပျော်ရွှင်ရတဲ့ နေ့သစ်တွေဆီကို ဖြတ်သန်းခွင့်လေး ပေးလိုက်စမ်းပါလို့ ဆုတောင်းမိတယ်
အခုတော့လည်း အဝေးက ကြည့်လို့ ချစ်နေဆဲပါ အလွမ်းများနဲ့ အချိန်တွေကို ကုန်လွန်စေခဲ့ပြီလေ