တစ်ရက်မှာ နှစ်ဆယ့်လေးနာရီ ဘယ်သူမှ အပိုဆောင်း မရနိုင်တဲ့ သဘာဝတရားကြီးရဲ့ တရားမျှတမှု သက်သေ အားလုံးဟာ သာတူညီမျှ အဲ့သလိုတူညီတာလေးတွေ ရှိနေသေးပါလားလို့ တွေ့မြင်လာရပြန်တော့လဲ လောကကြီးက ကျေနပ်စရာပါနော်
အတူတူရရှိနေတဲ့ အချိန်တွေမှာ အသိပညာတစ္ခု သော်လည်းကောင်း ဥစ္စာပစ္စည်းတစ်ခု သော်လည်းကောင်း တရားဘာဝနာတစ်ခု သော်လည်းကောင်း မရရှိလိုက်ပဲ မကုန္ဆံုးသင့်ပါဘူးဆိုတာကို ဘုရားရှင်က ဆုံးမတော်မူခဲ့ပါတယ် အချိန်တွေတိုင်းမှာလည်းလုပ္ေဆာင္မႈတိုင္းက ရည္ရြယ္ခ်က္ရွိေနရမှာပါ အလဟသ အချိန်မကုန်စေသင့်ပါဘူး အက်ိဳးမမဲ႔ေစရအောင် အချိန်တွေကို တန်ဖိုးထားအသုံးချသင့်ပါတယ်
လူငယ်တစ်ဦးနှင့် လူကြီးတစ်ဦးသည် ဦးနှောက်၏ ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန် ပိုစီးနေရမည်တဲ့ အရပ်ထဲပြောစကားသတိရမိသေး အသက်ကြီးပြီး အချိန်မစီးဘူးတဲ့ အတော်ကို ထိမိတဲ့ စကားစုလေးပါဘဲ အသက်အရွယ်ရလာလေ ပိုမို တည္ၿငိမ္ရင္႔က်က္ေနသင့်ပါတယ် အချိန်တွေက အရာရာကို ပြောင်းလဲစေတယ်လေ မည္သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရွိရမယ် အချိန်ကို အသုံးချနေရမယ်လေ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရွိနေသင့်တယ် အချိန်တွေရဲ့ တိုက်စားမှုအောက်မှာ တစ်ခုခုတော့ ကိုယ့်ဆီမှု စွဲထင်ကျန်ရစ်နေသင့်တယ်လေ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမယ်လေ တန်ဖိုးမဲ့အသက်ကြီးလာသူကိုတော့ လူကြီးလို့ ခေါ်ဖို့ အတော်ခက်ခဲနေမယ် အချိန်ကို သေချာအသုံးချဖို့ကြိုုးစားပါ ထိုသို့မဟုတ်ပါက အကြီးမားဆုံး ပြစ်မှုကို ကျူးလွန်ရာရောက် တယ်လို့ ပြောနိုင်ပါတယ်
အသက်တစ်ရာနေရဖို့ မသေချာပါဘူး အသက်ခြောက်ဆယ်လောက်နေရရင်ကိုဘဲ အတော်လေး ကုသိုလ်ကံကောင်းနေပြီလို့ပြောရမယ် အချိန်တိုတိုလေးရှင်သန်ရတဲ့ဘဝမှာ အက်ိဳးမရွိပဲ အခ်ိန္မကုန္ေစဖို႔ အထူးသတိပြုသင့်လှပါတယ်