link
မေ့မရနိုင်လေသော အချစ်တွေနဲ့ နာကျင်နေတဲ့ နှလုံးသားလေး ဆုံတွေခဲ့ခြင်းတွေက
မျက်လှည့်ဆန်လွန်းတယ် အဝေးဆုံးကို ထွက်သွားခဲ့ပြီးမှ သတိရမိတယ်ဆိုတာက တမင်ရက်စက်တာလား ပြန်မေးချင်မိတယ် ထွက်သွားတုန်းက မသိသလိုနေခဲ့နိုင်သော်လည်း အခုလို စိတ်ဒဏ်ရာကို ပြန်လာဆွတာတော့ နင် သိပ်ရက်စက်လွန်းတယ် တိုက်ဆိုင်တယ်လို့တော့ မပြောလိုက်နဲ့ အရာရာဟာ လေလိုလွင့်ပျယ်သွားခဲ့တာမဟုတ်ပါ
နင်ပျော်အောင် ငါလေ ရယ်ပြခဲ့တာလဲအကြိမ်ကြိမ် တကယ်တော့ အသက်မဲ့တဲ့ နင့်အပြုအမူတွေကို အစကတည်းက ငါလေ သိနေသင့်တယ် အရာအားလုံး အဆုံးသက်ပြီးမှ ပြန်မတွေးချင်လည်း အတိတ်တွေကို လာလာတူးဆွနေတဲ့ တိုက်ဆိုင်မှုမျိုး ငါမလိုချင်တော့ပါ
ပြောင်းလဲခဲ့တာမခံနိုင်လို.ပဲ တစ်ချိန်မှာမင်းထွက်သွားမှာကိုသိတယ်.. မခံစားရဖို့မင်းကိုငါမချစ်ရဲ..ဒါပေမယ့်တိုက်ဆိုင်မှတွေကြံူလာခဲ.တော. ကံကြမ္မာက ချစ်သူဖြစ်ခွင်.ပေးတော.လည်း ငါရခဲ့တဲ့ပျော်ရွှှုင်မှူတွေတန်ဖိုးမဖြတ်နိုင် မင်းအတွက်ပေးတဲ့နားလည်မှူတွေတန်ဖိုးမဖြတ်နိုင် နင့်ကိုချစ်စိတ်နဲ့ အချိန်တိုင်းနီးပါးငါဖုနး်မချနိုင် နင်.အလှည်.ကျတော.သိတတ်မှူတွေပျောက်ဆုံးသွားခဲတယ်
အားပေးစကားလေး တစ်ခွန်းလောက်တောင် ဟန်ဆောင်စကားမဆိုနိုင်တဲ့အဆုံး နင်နဲ့ငါ့ရဲ့ ဇတ်လမ်းက လူမသိသူမသိ နင်ကိုယ်တိုင်တောင် သိပါရဲ့လား ဘာမှမဖြစ်သလို နေလိုက်ကြတာနဲ့ဘဲ အားလုံးက အသစ်အတိုင်းပြန်ဖြစ်လာလိမ့်မယ် ထင်နေတုန်းဘဲလား
ရင်ထဲဝင်လာပြီး ဒဏ်ရာတွေပေးလို့ ဝေဒနာတွေ ဆေးဖေါ်ပြီး တစ်သက်စာ နောင်တတွေ ဖြစ်ပေါ်စေခဲ့တဲ့ နင့်ကို အခုတော့ ငါလေ မုန်းလိုက် မေ့လိုက်ပြီ ဘယ်လိုပါတ်သက်မှုရှိခဲ့ပါစေ နောက်တစ်ကြိမ် မဆက်သွယ်ပါနဲ့တော့လို့ ပြောလိုက်ပါရစေ
အတိတ်သည် အတိတ်မှာသာ ကျန်ရစ်ခဲ့လိမ့်မယ် နောက်တစ်ခါ အမှား မဖြစ်စေလိုတော့ပါပြီလေ