Link
တစ်ချိန်မှာတော့ တစ်ယောက်ယောက်ကို ချစ်ခဲ့မိမှာပါ အချစ်ဆိုတာကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်ပါစေ အချစ်ကိုတော့ ထိတွေ့ခွင့်ရခဲ့မှာပါ အချစ်ကြောင့် ပျော်ရျှင်ကြည်နူးမှုလေးကို အ ခိုက်အတန်းခဏလေး ြဖစ်စေ ခံစားခဲ့မိမှာပါ အချစ်က အရာရာထက်သာလွန်သော စွမ်းအားတွေနဲ့ ရင်ကို ရိုက်ခက်တဲ့ တခဏဆိုတာလည်း ရှိခဲ့မှာပါဘဲ
တစ်စုံတစ်ယောက်ကို ချစ်လိုက်မိတဲ့ အချိန်ဟာ ဘဝရဲ့ သာယာကြည်နူးစရာအချိန်ပါဘဲလေ
အချိန်အားြဖင့် တခဏတာလေးြဖစ်ချင်ဖြစ်နေပါမယ် အချစ်စိတ်နဲ့ လောကကြီးမှာ ရှင်သန်ရတာကလည်း တကယ့်ကို မဟာ စွမ်းအားပါဘဲ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်သော အရာတစ်ခုပေါ့
အချစ်ကိုဘာလဲလို့ အသေအချာမသိလိုက်ခင်မှာဘဲ ရင်ထဲမှာ အချစ်က နေရာယူပြီးသွားပြီလေ အသိတွေ နောက်ကျသွားပြီ မချစ်ပါနဲ့လို့ တားဆီးချိန်ရယ် မရှိိနိုင်တော့ပါဘူး
မချစ်ဆိုတာ ထိန်းချုပ်ထားလို့ရနိုင်တဲ့အရာမဟုတ်ပါဘူး ဟန်ဆောင်နေလို့လည်းမရဘူး ချစ်တာကို မချစ်သလိုနေလိုက်လို့လည်း မရပါဘူး ချစ်တာက ချစ်တာပါဘဲ
အချစ်ဆိုတာ ဝင်လာခဲ့ပြီးရင် အပြစ်တင်တာတွေနဲ့ အချစ်တော့တာတွေလည်း မရှိနိုင်ဘူး
အချစ်က နောက်ပြန်လှည့်လို့ရတဲ့အရာမဟုတ်ပါဘူး စစ်မှန်တဲ့ချစ်ခြင်းမှာ အပြစ်တစ်ခုကြောင့် ပြောင်းလဲသွားတယ်ဆိုတာ မရှိနိုင်ပါ
အချစ်ကို သိရှိခံစားပြီးချိန်မှာတော့ ဘဝမှာ ရှင်သန်ခြင်းက ခန်းနားသွားပြီလေ
အချစ်ရဲ့နောက်က ရလိုမှုတွေ ပိုင်ဆိုင်မှုတွေနဲ့ ရောထွေးမသွားခင်အထိ အချစ်က အမြဲသန့်ရှင်းနေလိမ့်မယ် အချစ်ကို အရောင်မဆိုးသေးသရွေ့တော့ အချစ်က နူးညံ့စွာနဲ့ လှပနေလိမ့်မယ် တွေးမိလိုက်တိုင်း စိတ်နှလုံးချမ်းမြေ့စေလိမ့်မယ်
အလိမ်အညာတွေနဲ့ မုသားတွေ ရောမွှေလာတဲ့အခါမှာ အချစ်က အငွေ့ပျံပျောက်ဆုံးသွားတယ် အချစ်ဆိုတာ အမည်ခံသပ်သပ်ရယ်သာ ြဖစ်သွားရတော့တယ်