အဟောင်းလေးဆိုသော်လည်း အကောင်းဆုံးတွေထဲက တစ်ခုပါဘဲ အခုထိ ကြိုက်နှစ်သက်နေဆဲဘဲ ဆယ်လမွန်ငါးတွေက ပေါက်ဖွားရှင်သန်ချိန်မှာ ရေစုန်တစ်လျှာက် ကျင်လည်ကျက်စားကြပြီး သေဆုံးမယ့်အချိန်မှာတော့ မူလမွေးဖွားရာ နေရာကို အရောက်ပြန်ကြတယ်တဲ့
သီချင်းတွေထဲက အကြိုက်ဆုံး တစ်ပုဒ်ဆိုရင်တော့ ဆယ်လမွန်ငါးတို့အိမ်အပြန် ဆိုတဲ့သီချင်းလေးပါဘဲ သီချင်းစာသားတွေက အများကြီး တာသွားပါတယ် သီချင်းလေးက ရင်ထဲကို ရိုးရိုးရှင်းရှင်းလေး တိုးဝင်သွားတယ် ရင်မှာ အားအင်တွေဖြစ်လာစေတယ် ဆိုထားတာကတော့ ကိုခင်ဝမ်းပေါ့ သူ့အသံနဲ့ သီချင်းက လိုက်ဖက်လှပါတယ် သူ့အသံကိုတော့ အခုနောက်ပိုင်းမှ နားထောင်ဖြစ်တယ် အရင်ဆုံးနားထောင်ဖြစ်တာ စကြားဖူးတာကတော့ ခင်မောင်တိုးအသံနဲ့ပေါ့ ခင်မောင်တိုးကတော်နောက်ပိုင်းမှ ပြန်ဆိုတာဖြစ်တယ် ခင်မောင်တိုးအသံနဲ့က ပိုပြီး ကောင်းတယ်ထင်တယ်
ရေလွှာလဲ ခင်းပျံ့ ကြည်လင်စေ မိုးဦးလဲလှပသာယာစေ ဘဝစေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေအစုန်ကို ဆန်ကာပြန်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့အပြန်
ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ ရာသီလည်းတွက်ချက်မှန်ကန်စေ စိတ်တူရာခိုဝင် ပြည့်စုံချိန် ပြန်ခဲ့မယ်တဲ့ ငယ်ရွယ် စဉ် ရှာဖွေစွန့်ခဲ့သည်
ချစ်ဖော်လည်း လိုက်ခဲ့ပ်ခေါ်ငင်စေ ဝဋ်ကြွေးလည်းတုန့်လှည့် ကျေနပ်စေ ဦးဆောင်သူစေရာ ယုံကြည်စွာ လိုက်ခဲ့မယ်တဲ့ မောင်မယ်စုံ ဆန်ကာပြန်ခဲ့ပြီ
ဒီညတော့ ဒီသီချင်းလေးနဲ့ အချိန်တွေကို ကုန်လွန်စေလိုက်ပါတယ် သီချင်းသံအေးအေးလေးနဲ့ ဖီးနေရင်း စာရေးတာပါ ကော်ဖီလေးသောက်ရင်း အရသာက တကယ်ကို ဘာနဲ့မှ မလဲနိုင်ပါဘူးနော်