score
ငါတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့ ပြောခဲ့ကြတယ် တကယ်ကော ချစ်ရဲ့လား မချစ်ဘူးလား အတိအကျ မသိပါဘူး ဘယ်လို သက်သေတွေ ထူရမည်လဲ အရေး မစိုက်ခဲ့ပါဘူး ဒီလိုပါဘဲ အလိုက်သင့်လေး နေပေးလိုက်ကြတာဘဲမဟုတ်လား တကယ် အရေးကြီးတာက စကားလုံးတွေ မဟုတ်ပါဘူး လေးနက်တဲ့ စကားလုံးအကြီးကြီးတွေ မလိုအပ်ပါဘူး
ကတိစကားတွေလည်း မဆိုထားဘူးလေ တည်ရမယ်လို့လည်း အကြပ်မကိုင်ပါဘူး လွတ်လပ်ခြင်းနဲ့ အသိတရားကိုသာ တိုင်တည်ထားတာဘဲ ဘာမှ မထူးခြားတဲ့ ချစ်တေးတစ်ပုဒ်ရယ်ပါဘဲ
တစ်ယောက်ကိုတစ်ယောက် ကြည့်မဝအောင် မျက်လုံးဒေါက်ထောက်ကြည့်နေကြတာလည်း မရှိပါဘူး ဂရုစိုက်တယ်ဆိုတာကို အမူအယာတွေနဲ့ သက်သေမထူးချင်ကြဘူးလေ
နှလုံးသားရဲ့ ဘာသာစကားကို နားလည်တယ်လို့ တော့ ထင်တာပါဘဲ
တစ်ယောက်ရင်မှာ တစ်ယောက်ရှိနေတာဘဲလေ ဝေးကွာခြင်းတွေက အတားအဆီးတစ်ခုလို မခြိမ်းခြောက်နိုင်ပါဘူး
အိပ်မက်တွေကို အပြင်သယ်မလာနဲ့လို့ နင်ပြောခဲ့တာမှတ်မိမှာပေါ့ ဟုတ်တယ်
နင်အသေအချာပြောခဲ့တာပါ မဖြစ်နိုင်တာတွေကို ပုံမချဲ့တက်တဲ့ တို့နှစ်ယောက်က စိတ်တူကိုယ်တူတွေဘဲပေါ့
နောက်ဆုံးဆိုတာကို ကြုံလာလည်း နှုတ်မဆက်ပါဘူး တစ်ယောက်နဲ့တစ်ယောက် အနှောင်အဖွဲ့ကင်းကင်းဘဲ လွတ်လပ်စွာ ပျံသန်းနိုင်တယ်လေ
နှုတ်ဆက်စရာ စကားလုံးတွေ မလိုအပ်တော့ဘူး ရင်ထဲက အချစ်တွေ အနှောင်အဖွဲ့ကာင်းတယ် နှုတ်ဆက်စရာမလိုအပ်ခဲ့ဘူး