စိတ်ထဲမှာ သိပ်မပျော်ပါဘူး အလိုမကျခြင်းတွေနဲ့ ပြည်နှက်နေပါတယ် စိတ်ကို ကျေနပ်ပျော်ရွှင်
နိုင်အောင် ကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေတဲ့ အသိုင်းအဝိုင်းအားလုံးကိုလည်း ကျေနပ်ပျော်ရွှင်
ရအောင်လုပ်ပေးချင်တယ် ကိုယ်လည်း စိတ်ကျေနပ်ပျော်ရွှင်ချင်တယ် သူများကိုလည်း ပျော်ရွှင်စေ
စေချင်တယ်လေ လူတွေကို နားလည်ပေးရမယ်လေ ကိုယ့်စိတ်နဲ့ကိုယ်တောင် အလိုမကျ အဆင်
မပြေဖြစ်သေးတာ သူတစ်ပါးနဲ့က ပိုလို့ အဆင်မပြေဖြစ်နေမှာပါဘဲ
တစ်နှစ်ပြီးတစ်နှစ်ကုန်လာတယ် လူက ဘာမှကို တိုးတက်ပြောင်းလဲလာတာမရှိဘူး လူတိုင်း
အခုချိန်ခက်ခဲနေတာမှန်သော်လည်း အလကားအချိန်တွေကုန်နေတာကို စိတ်ထဲမှာ အလိုမကျပါဘူး
စိတ်မကျေနပ်မှုတွေက အဲ့သလို အတွေး တွေကနေ အစပြုတာပါဘဲ
နောက်တစ်ခုက ကိုယ်လုပ်ခဲ့မိတာတွေအတွက် နောင်တတွေရနေတာပါဘဲ အမှားတွေ လုပ်ခဲ့မိ
တယ် အမှန်လို့ထင်ပြီးလုပ်ခဲ့တာပါဘဲ လုပ်ရင်းမှားသွားတာတော့ အပြစ်မဟုတ်ဘူးလို့ ပြောမရပါဘူးးး
အမှားက အမှားဘဲမဟုတ်လား တစ်ချို့အမှားတွေက ပြန်ပြင်လို့မရဘူးလေ ပိုမိုကောင်းမွန်တဲအချိန်
တွေကို ပြန်သွားချင်တယ် ပိုမိုတိုးတက်ကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးချင်တယ်
အခုလို ကာလ အမြန်ကုန်စေချင်ပါပြီ