မညီမျှခြင်းက အခြေအနေတွေကို ပိုမို ဆိုးလာစေတယ် သာတူညီမျှဆိုတာ နေရာတိုင်းမှာ မရှိနိုင်ပါဘူး သာတူညီမျှခြင်းဆိုတာ ငြိမ်းချမ်းရေးကိုလည်း ဦးတည်ပါတယ် သာတူညီမျှခြင်းရှိတာဟာ လောကကို အေးချမ်းသာယာစေနိုင်တယ်
အခုမြင်တွေ့ခံစားနေရတာက သာတူညီမျှခြင်းမရှိတဲ့ ကာကွယ်ဆေး အစီအစဉ်တွေကိုပြောလိုပါတယ် နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေး အသိပညာ ဆင်းရဲချမ်းသာ မတူညီကြပါဘူး တိုးတက်နေတဲ့နိုင်ငံတွေအတွက် ကူးစက်ရောဂါကို ရင်ဆိုင်တဲ့အခါ အခက်အခဲနည်းပါးစွာနဲ့ ရင်ဆိုင်နိုင်ကြတယ် ဆင်းရဲတဲ့နိုင်ငံတွေကတော့ အလှူရှင်နိုင်ငံတွေကိုဘဲ စောင့်မျှော်ရတယ်
ဆင်းရဲတဲ့နိုင်ငံတွေ ကာကွယ်ဆေး အလုံအလောက် မထိုးနိုင်ဘူး နောင်ကိုလည်း ထိုးနိုင်လာဘို့ မသေချာပါဘူး တန်းတူညီမျှ အစီအစဉ်တွေကလည်း နှောင့်နှေးနေတာတွေ့နေရတယ်
ပိုးကူးစက်မှုက အခုနောက်ပိုင်း ပိုမိုဆိုးလာတယ် မျိုးရိုးဗီဇ ကွဲ မျိုးစိတ်အသစ်တွေက ကူးစက်နှုန်းမြန်ဆန်ပြီး လူသေဆုံးမှုလည်း များလာနေပါတယ်
ကာကွယ်ဆေးထိုးပြီးသား နိုင်ငံတွေကတော့ အသွားအလာကန့်သက်မှုတွေ ဖြေလျှော့ပေးနိုင်နေချိန် ကာကွယ်ဆေး မထိုးနိုင်သေးတဲ့ နိုင်ငံတွေမှာတော့ အခက်အခဲတွေများစွာနဲ့ စိုးရိမ်မကင်း နေထိုင်နေရတယ် သေဆုံးရမယ့်အချိန် ကို ထိုင်စောင့်နေရသလိုပါဘဲ ကူးစက်မှုတွေက တနေ့တခြား တိုးပွားလို့လာနေတယ်လေ
အသိပညာနည်းပါးတဲ့ ကျေးလက်ဒေသတွေမှာလည်း ကူးစက်မှုတွေက ပိုမိုဆိုးလာနေတယ် ကူးစက်နုန်းလည်း မြန်ဆန်နေတယ်
နောင်လပိုင်းအနည်းငယ်ဆိုရင်တော့ ထင်မှတ်မထားလောက်တဲ့ အခြေအနေဆိုးတွေကို မြင်တွေလာရနိုင်ပါတယ် စိုးရိမ်မှုလွန်ကဲတာလို့တော့ ပြောနိုင်ပေမယ့် တကယ်လို့သာ အဲ့သလို ဆိုးရွားလွန်းမှုတွေ ကြုံလာရင် ဘယ်လိုရင်ဆိုင်ကြမလဲ
ကာကွယ်ဆေး အစီအစဉ်တွေက နှေးကွေးလွန်းတာ တန်းတူညီမျှမှုမရှိတဲ့ ကာကွယ်ဆေးရရှိမှုတွေ ပိုးကူးစက်မှုက လျှော့မသွားတာ တိုးလို့လာတာတွေက အရာရာပျက်သုဉ်းခြင်းကို ဦးတည်နေတယ်လို့ ထင်မြင်မိပါတယ်
လူသားလောက တစ်ခုလုံးအတွက် အရေးကြီးဆုံး အခြေအနေကို ရောက်လာနေပါပြီ
ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတွေ မလုပ်နိုင်ခဲ့ရင်တော့ အနာဂါတ်ဟာ အလွန်အမင်းစိုးရိမ်စရာပါဘဲ