link
မှောင်မည်းနေတဲ့အခန်းကျဉ်းလေးထဲ စမ်းတဝါးဝါး ပြေးလွှားမိနေခဲ့
အမြင်မှားနေတဲ့ အသိစိတ်က မြင်နိုင်စွမ်းရှိနေခဲ့တယ်
လှောင်ပိတ်ထားတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ကြိုးစားကြည့်နေတာ
အလှအပတွေ ပျောက်ဆုံးသွားတဲ့ နေ့ရက်တွေက မည်းနက်နေဆဲ
ပေါင်းသင်းဖူးတဲ့ မိတ်ဆွေတွေက အသံမပြုကြပါဘူး
အဖေါ်မပါ တစ်ယောက်တည်း တဝဲလည်လည်
နာကျင်နေဆဲ နာရီသံတွေအောက် အတိတ်တွေက ရယ်မောနေတယ်
ပျောက်ဆုံးသွားတဲ့ ရင်ခွင် နွေးလေး တမ်းတမိတိုင်း သရဲခြောက်သလို
တုန်ရီနေတဲ့ ရင်အစုံက ခြောက်ခြားနေတဲ့ အသံတွေ
တည်ငြိမ်အောင် ထိန်းချုပ်ထားတာက အချိန်မဲ့ကာလတစ်ခု
ပျောက်ဆုံးတဲ့ အတိတ်တွေကို အမှောင်အခန်းထဲမှာရှာနေတယ်
တစ်ညလုံး ကိုယ်တစ်ယောက်တည်း အဖော်မဲ့လို့ အထီးကျန်ဆဲ
ပြန်လည်တွေးမိလေတိုင်း အမှောင်ခြမ်းရဲ့ ရင်ခွင်ထဲ
မျက်ဝန်းအောက် စိုစွတ်လာတဲ့ အထိအတွေ့တစ်ခု
ပူနွေးနွေး မျက်ရည်စတွေက အားနည်းလာခဲ့ပြီ
သောကတွေကို ပိုက်ထွေးခြင်း
တစ်ခါတစ်ရံ အသံသဲ့သဲ့ ကြားမိလိုက်တုန်း
မီးအလင်းရောင်တစ်ခု လင်းလက်လာတယ်
ပွင့်သွားတဲ့ တံခါးအနား အတင်းပြေးလို့ လွတ်လမ်းရှာလဲ
သံတိုင်တွေအထပ်ထပ် ကာရံထား
လင်းလက်သွားတဲ့ တခဏ ကိုယ့်အမြင်တွေက မမှားပါ
အကျဉ်းကျနေတဲ့ ကိုယ့်နှလုံးသားကို လွတ်လမ်းပြပေးနိုင်မဲ့
မျှော်လင့်ခြင်း အလင်းရောင် တခဏဖြစ်ဖြစ် လင်းလက်ပေးလှည့်ပါ
ဟောဒီ ဝေဒနာ အခန်းကျဉ်းထဲက အမြန်လွတ်မြောက်ပါရစေ