နောက်တစ်ရက်မိုးသောက်လို့ အိမ်မက်တွေက နိုးထလာရင်
မနက်ခင်း မိုးလင်းတိုင်းမှာ အရင်ဆုံးလွမ်းတာ မင်းတစ်ယောက်ကိုသာ
ခပ်တိုးတိုးသီချင်းလေးများညည်းလို့ သတိရမိတာ
အိမ်ရှေ့ကပြတင်းပေါက်ဖွင့်တော့
မင်းနဲ့အတူရှိနေတဲ့ လှပသောလောကကြီးတွေ့ရတယ်
ကိုယ့်အိမ်ရှေ့ အိမ်ပြတင်းပေါက်ကနေ မင်းကို တွေ့ရတယ်
သာယာစွာ တိုက်ခက်သော လေညှင်းလေးများနဲ့အတူ
အဝေးဆီမှာပန်းလေးများ ပွင့်လန်းနေကြတယ်
အပြာရောင်မိုးသားများထဲ မင်းမျက်နှာက ဝိုးတဝါးထင်လာဆဲ
မင်းဆိုပြတဲ့ သီချင်းသာယာကြည်လင်စွာ ငါကြားနေရ
တစ်လောကလုံး ရောင်စုံရှုခင်းများနဲ့ လှပနေဆဲ
မင်းနဲ့တို့နှစ်ယောက်ရဲ့ အနာဂါတ်လေး လှမ်းလို့မြင်နေဆဲပါ
အခုချိန်မှာတော့ ချစ်ရတဲ့မင်းကဘယ်မှာလဲ
ကိုယ့်အနားမှာ ချစ်ရသူမင်းလေးတစ်ယောက်မရှိတော့
အထီးကျန်စွာဘဲ လောကကြီးအလယ် လွမ်းနေရပါတယ်
အရာရာဟာ မင်းမရှိရင် မပြည့်စုံဘူးလို့ ဆိုပါရစေတော့
လှပနေတဲ့ လောကထဲ ကိုယ့်အချစ်ဆုံးမင်းမရှိရင် လှပမှုတွေက ပျောက်ဆုံးသွား
လိုအပ်နေတာ မင်းတစ်ယောက်ရယ်ပါ ရင်မှာဟာနေတဲ့ ကွက်လပ်လေး
ဘယ်အရာမှမပြည့်စုံဘူး မင်းတစ်ယောက်မရှိခဲ့ရင်ပေါ့
သိပ်ချစ်ရတဲ့ ကိုယ့်အချစ်လေးရယ် အမြန်သာ ပြန်လာခဲ့ပါကွည်
ကိုယ်လိုချင်တာ လေဟာနယ်ထဲ လွင့်ပါနေဆဲ
အမုန်းတွေမရှိတဲ့ ငါ့ရင်ထဲ နင်ခိုဝင်နားလှည့်ပါ
လိုက်လို့ရှာနေဆဲ ဝေးအရပ်ဆီကို ထွက်သွားတဲ့မင်း
ငါ့နှလုံးသားထဲ ထာဝရ ထင်ကျန်ရစ်မယ့် မင်းရဲ့ ကြင်နာခြင်းတွေ
မေ့မရနိုင်ခဲ့ အလွမ်းတွေက သတိရခြင်းတွေနဲ့တူ အချိန်တိုင်းစိုးမိုးဆဲ
မင်းဘယ်မှာလဲ အချစ်လေးရေ ဒီချိန်ခါမှာ
မင်းလေးတစ်ယောက်သာ အခုချိန်ခါ ကိုယ့်အနား
ကြင်နာသောအပြုံးနဲ့ရှိနေပါရင် လောကကြီးက အရာရာ
အားလုံးဟာပြည့်စုံသွားမယ် ဆိုတာ မင်းလေးသိရင်
သိပ်ကောင်းမှာပါဘဲ အချစ်က လွမ်းစေတက်တယ်လား ကိုယ့်ရင်မှာ မင်းကသာ စိုးမိုးနေဆဲ
ဒါပါပဲကွယ် အချစ်အတွက် ရူးနေရတဲ့ ကိုယ့်ကို စာနာပေးလှည့်ပါ